(၁၅) ကြိမ်မြောက် သုတစွယ်စုံစာပေဆုအတွက် ဆုရရှိသူများ စာရင်းထုတ်ပြန်


Ministry of Information/ Naypyitaw / May 13, 2025
image_latest


နေပြည်တော် မေ ၁၂

စွယ်စုံမီဒီယာဂရု (ပ်) (SweSone Media Group) ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်မည့် (၁၅) ကြိမ်မြောက် သုတစွယ်စုံစာပေဆုအတွက် ဆုရရှိသူများစာရင်းကို ဆုရွေးချယ်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ဆုရရှိသူများမှာ ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီး ဒေါက်တာခင်မောင်ညိုရရှိပြီး ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်၏ “ထင်ရှားထူးချွန်ဆရာဝန်”၊ အတ္ထုပ္ပတ္တိစာပေဘာသာရပ်အတွက် ဗိုလ်အေးမြင့်ကြူ၏ “ကျွန်တော့်ကို မမေ့ပါနဲ့”၊ ၂၀၁၉ ခုနှစ်အတွက် သုတ (ဝိဇ္ဇာ) ဘာသာရပ်တွင် သိန်းထွန်း (မြဝတီ) ၏ “တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများ”၊ ၂၀၂၀ ပြည့်နှစ်အတွက် အသုံးချသိပ္ပံဘာသာရပ်တွင် ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာ) ၏ “ကျန်းမာခြင်းဆုလာဘ်”၊ ၂၀၂၁ ခုနှစ်အတွက် သုတ (ဝိဇ္ဇာ) ဘာသာရပ်တွင် ကျော်ကျော်လှိုင်၏ “ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုအရည်အသွေးကို လေ့လာခြင်း (တတိယမြန်မာနိုင်ငံတော်)”၊ ၂၀၂၂ ခုနှစ်အတွက် ဘာသာပြန်စာပေဘာသာရပ်တွင် နေဇင်လတ်၏ “စီးပွားဖျက်သူလျှို၏ဖျောင့်ချက်”၊ စာပဒေသာဘာသာရပ်တွင် မောင်ခေတ်ထွန်း၏ “မောင်ခေတ်ထွန်း၏ စာ (စိန်ရတုလက်ရွေးစာပေါင်းစု)”၊ အတ္ထုပ္ပတ္တိစာပေဘာသာရပ်တွင် ဟိန်းလတ်၏ “မြန်မာ့စွမ်းအင်လူချွန်လူကောင်း”၊ ၂၀၂၃ ခုနှစ်အတွက် စာပဒေသာဘာသာရပ်တွင် ဒေါက်တာထွေး (ဆေး/မန်း) ၏ “နိပွန်ပြည်တွင်တင်္ဒဂ”၊ သုတ (ဝိဇ္ဇာ) ဘာသာရပ်တွင် ကျော်ညွန့်ရည်၏ “အန်ကောခေတ်ယဉ်ကျေးမှု”၊ အသုံးချသိပ္ပံဘာသာရပ်တွင် ပါမောက္ခ ဒေါက်တာမြသိန်းဟန်၏ “ခွဲစိတ်ဆရာဝန်တစ်ဦး၏ ဖြောင့်ချက်” တို့ ဖြစ်ကြသည်။

အထက်ပါဆုများကို တစ်သက်တာစာပေဆုအတွက် ငွေကျပ် သိန်း ၃၀ နှင့် စာအုပ်ဆုများအတွက် စာရေးဆရာတစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းစီ ချီးမြှင့်မည်ဖြစ်သည်။ ၂၀၀၄ ခုနှစ်အတွက် သုတစွယ်စုံစာပေဆုကို ၂၀ဝ၆ ခုနှစ်မှစတင်၍ စဉ်ဆက်မပြတ်ချီးမြှင့်ခဲ့ပြီး ယခုအကြိမ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နှစ်အလိုက်ထုတ်ဝေခဲ့သည့် စာအုပ်များကို အခြေခံ၍ (၁၅) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်သည်။

ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့တွင် မကြာမီကျင်းပရန်စီစဉ်ထား၍ ဆုရရှိသူများသည် စွယ်စုံမီဒီယာဂရု (ပ်) ဖုန်း-ဝ၁-၃၈၅၂၉၃၊ ၈၃၉၂၇၃၉ နှင့် ၃၇၄၄၀ဝ သို့ အမြန်ဆက်သွယ်သတင်းပို့ကြပါရန် အကြောင်းကြားထားကြောင်း သိရသည်။    

သတင်းစဉ်

Newspaper - 3461 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download