(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲမှ စကားသံများ


Ministry of Information/ Naypyitaw / November 23, 2024
image_latest


တွေ့ဆုံမေးမြန်း-ဟိန်းမင်းစိုး

ဓာတ်ပုံ-HMS

တိုင်းရင်းဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေးအသိအမှတ်ပြုနိုင်စေရန်၊ တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့်အညီ ထုတ်လုပ်နိုင်စေရန်၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်စေရန်နှင့် မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်အား လေးစားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာနမှတာဝန်ရှိသူ၊ တိုင်းရင်းဆေးထုတ်လုပ်သူများ၊ စာတမ်းဖတ်ကြားသူ၊ တိုင်းရင်းဆေးရုံများ၏ လုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိသူနှင့် လာရောက်လေ့လာသည့် မြန်မာ့တိုင်းရင်းဆေးတက္ကသိုလ်မှ ကျောင်းသားတို့၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

ဒေါက်တာစုစုဒွေး (ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်း ဆေးပညာဦးစီးဌာန)

အခုကျင်းပတဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကတော့(၂၃)ကြိမ်မြောက် ဖြစ်ပါတယ်။ ညီလာခံနဲ့နှီးနှောဖလှယ်ပွဲမှာ စာတမ်းဖတ်ပွဲနဲ့ အဆိုပြုချက်များ တင်သွင်းခြင်းနဲ့ ထောက်ခံဆွေးနွေးတင်ပြခြင်း နှီးနှောဖလှယ်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ စာတမ်းဖတ်ပွဲမှာ စာတမ်း ၁၃ စောင်ကို ဖတ်ကြားသွားမှာဖြစ်ပါတယ်။ စာတမ်းဖတ်ပွဲမှာ တိုင်းရင်းဆေးပညာဟာ ရိုးရာတိုင်းရင်းဆေးပညာဖြစ်တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းမှာ ရှိကြတဲ့ ရိုးရာတိုင်းရင်းဆေးဆရာကြီးတွေရဲ့ ဆေးကုသမှုအနုပညာ ပျောက်ကွယ်မသွားအောင် တိုင်းရင်းဆေးပညာရပ်တွေ အချင်းချင်းဖလှယ်ဖို့ရည်ရွယ်ပြီး တိုင်းရင်းဆေးပညာရှင်တွေကို ဖိတ်ခေါ်ကာ စာတမ်းတွေကို ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနေနဲ့ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ သုံးရုံ၊ ခုတင် (၅၀) ဆံ့တိုင်းရင်းဆေးရုံ ကိုးရုံ၊ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၁၃ ရုံ၊ (၁၆) ခုတင်ဆံ့ တိုင်းရင်း ဆေးရုံ ၂၄ ရုံ၊ ခရိုင်တိုင်းရင်းဆေးခန်း ၅၀၊ မြို့နယ်တိုင်းရင်းဆေးခန်း ၂၁၀ ဖွင့်လှစ်ပြီး ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပါတယ်။ နှစ်စဉ် ကျင်းပလျက်ရှိတဲ့ ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲကနေ ရိုးရာ တိုင်းရင်းဆေးတွေကို ထိန်းသိမ်း စောင့်ရှောက်နိုင်သလို ပြည်သူ လူထုကိုလည်းဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝ တဲ့ တိုင်းရင်းဆေးရရှိပြီး အနီးကပ်စောင့်ရှောက်နိုင်အောင်၊ မြန်မာ့ ရိုးရာတိုင်းရင်းဆေးကို ပြည်သူ လူထုကြားပျောက်ပျက်မသွား အောင်၊ ကျေးလက်ဒေသ အောက်ခြေအထိ တိုင်းရင်းဆေးပညာနဲ့ စောင့်ရှောက်ပေးနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။

ဒေါ်ပွင့်ဖြူဖြူသော် (ဒုတိယတိုင်းရင်းဆေးမှူး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ထားဝယ်မြို့)

ကျွန်မအနေနဲ့ “ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီမှ ဦးဆောင်၍ တိုင်းရင်းဆေးပညာသင်ကြားရေး အရည်အသွေးအသိအမှတ်ပြုနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်” အဆိုကို တင်သွင်းသွားမှာဖြစ်ပါတယ်။ အရည်အသွေးအာမခံမှု အသိအမှတ်ပြုမှုကဏ္ဍနဲ့ပတ်သက်ပြီး အဆိုပြုချက် ၆ ချက်ပါဝင်ပါတယ်။ ဒီအဆိုပြုချက်မှာ မြန်မာနိုင်ငံဆေးကောင်စီက တိုင်းရင်းဆေးပညာသင်ကြား ရေးအရည်အသွေး အသိအမှတ်ပြုကော်မတီနဲ့ သက်ဆိုင်ရာဆပ်ကော်မတီတွေကို သက်ဆိုင်ရာပညာရှင်တွေနဲ့ပါဝင်ဖွဲ့စည်းဖို့၊ Self Assessment Report ပြင်ဆင်ဖို့အတွက် Internal Quality Assurance Team ကို တိုင်းရင်းဆေးတက္ကသိုလ်က ဖွဲ့စည်းဖို့၊ တိုင်းရင်းဆေးပညာသင်ကြားရေး ဆိုင်ရာအရည်အသွေး အသိ အမှတ်ပြုမှုအတွက် တိုင်းရင်းဆေးပညာသင်ကြားရေးစံနှုန်းတွေကို ရေးသားပြုစုထားတဲ့ပညာရေးစံနှုန်း ကိုးခုကိုအတည်ပြုဖို့၊ Standard (1) မှာ မြန်မာ့တိုင်းရင်း ဆေးပညာ ယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာ ဆေးပညာတန်ဖိုးနဲ့စပ်လျဉ်းပြီး ထပ်မံဖြည့်စွက်ဖို့၊ လက်ရှိမြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(B.M.T.M) အစီအစဉ်အပြင်ဘွဲ့လွန် (M.M.T.M,Ph.D)နဲ့ အထူးပြုဘာသာရပ် (Specialties)၊ တိုင်းရင်းဆေးပညာဒီပလိုမာ (Dip.T.Med)၊ တိုင်းရင်းဆေးပညာလက်မှတ် (TM Certificate)နဲ့ စဉ်ဆက်မပြတ် တိုင်းရင်းဆေးဆရာတွေရဲ့ပညာရပ်ဆိုင်ရာအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွေကို အဆင့်ဆင့်ဆောင်ရွက်ဖို့နဲ့ Accreditation Standard (0 draft) ကို အသေးစိတ်ပြင်ဆင်ရေးဆွဲဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဦးအောင်စိုးလွင် ( ဆေးရုံအုပ်၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံ၊ ပဲခူးမြို့)

ဒီနေ့ ကျင်းပတဲ့(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲမှာ တိုင်းရင်းဆေးရုံတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ဆု ပေးအပ်ချီးမြှင့်ရာမှာ ပဲခူးတိုင်းဒေသကြီး ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံအနေနဲ့ ပထမဆုရရှိပါတယ်။ ကျွန်တော်တို့ဆေးရုံမှာ အတွင်းလူနာ၊ ပြင်ပလူနာ၊ ကွင်းဆင်းလူနာတွေကို ဘက်ပေါင်းစုံကနေ အဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ အတွင်း လူနာ ၂၅၀၊ ပြင်ပလူနာ ၈၅၅၉ ဦး၊ ကွင်းဆင်းလူနာ ၉၈၇ ဦး စုစုပေါင်း ဦးရေ ၁၀၀၀၀ ခန့်ကို တိုင်းရင်း ဆေးနဲ့ ကျန်းမာရေးစောင့်ရှောက် မှု ပေးနိုင်ခဲ့ပါတယ်။ အခုခေတ်မှာ တိုင်းရင်းဆေးနဲ့ တိုင်းရင်းဆေးဝါးတွေကို ပြည်သူလူထုက ယုံကြည် အားကိုး နေတဲ့ အနေအထားဖြစ်ပါ တယ်။ ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲတွေကို နှစ်စဉ်ကျင်းပပေးတဲ့အတွက် တိုင်းရင်းဆေးလောကသားတွေအတွက် တန်ဖိုးမဖြတ် နိုင်တဲ့ပွဲကြီးဖြစ်သလို ဒီပွဲမှာတိုင်းရင်းဆေးဆရာကြီးတွေနဲ့တွေ့ဆုံခွင့်ရပြီး ဆေးပညာဖလှယ် ခွင့်တွေလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားကျန်းမာ‌ရေးစောင့်ရှောက်မှုအပိုင်းမှာ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ပိုမိုစောင့်ရှောက်နိုင်အောင် တွေ့ဆုံဆွေးနွေးခွင့်ရတာ ဝမ်းသာဂုဏ်ယူ မိပါတယ်။

ဒေါ်ဇင်မာမြင့်(မိမိဇင်တိုင်းရင်းဆေးတိုက်)

ဒီနှစ် ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲကို ပထမဆုံးအနေနဲ့ မကွေးတိုင်းဒေသကြီးကနေ လာရောက်ပြသခြင်းဖြစ်ပါတယ်။ မိမိဇင်ဆေးတိုက်ကနေ ထုတ်လုပ်တဲ့ ဆေးခုနစ်မျိုးကို ခင်းကျင်းပြသ ထားပါတယ်။ ဆေးခုနစ်မျိုးအနက် အာရုံကြောအားတိုးဆေးကတော့ ရောင်းအားအကောင်းဆုံး ဆေးဖြစ်သလို အဓိကထားပြီး လာရောက်ပြသတာဖြစ်ပါတယ်။ တိုင်းရင်းဆေးကို ခေတ်အဆက်ဆက် သုံးစွဲလာကြတာဖြစ်တဲ့အတွက် အခုလည်းတိုင်းရင်းဆေးတွေကို ပြည်သူတွေက ယုံယုံ ကြည်ကြည်နဲ့ သုံးစွဲတာကို တွေ့ရပါတယ်။ မိမိဇင်တိုင်းရင်းဆေးတွေကို ထုတ်လုပ်ရောင်းချလာတာ သက်တမ်းအရ နှစ်နှစ်ပဲရှိပါသေးတယ်။ အခုလို နိုင်ငံတော်အဆင့်ပွဲကြီးမှာ ပြသခွင့်ရတဲ့ အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။

ဦးအေးသိန်း (သူနှိုင်းထက် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)

နိုင်ငံတော်အဆင့် ပွဲကြီးမှာ ပထမဆုံးအနေနဲ့ မန္တလေးတိုင်းဒေသကြီးကနေ လာရောက်ပြသခြင်းဖြစ်ပါတယ်။ လာမယ့်နှစ်တွေ မှာလည်း လာရောက်ပြသခွင့်ရရင် ပြသချင်ပါတယ်။ ကျွန်တော့်အနေ နဲ့ ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲမှာ သူနှိုင်းထက်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးကနေ ထုတ်လုပ်တဲ့ ဆေးအမျိုးအစား သုံးမျိုး လာရောက်ပြသတာဖြစ်ပါတယ်။ ဒီဆေးတွေကတော့ သိမ်းကမ္ဘာချောင်းဆိုး၊ ရင်ကျပ်ချွဲသလိပ်ပျော် လျက်ဆား၊ သိမ်းကမ္ဘာဝမ်းမှန် ဆေးနဲ့ သိမ်းကမ္ဘာသွေးတိုးကျ ဆေးတို့ဖြစ်ပါတယ်။ ဆေးဆိုင်ဖွင့်ပြီး တိုင်းရင်းဆေးတွေ ရောင်းချလာတာ နှစ် ၂၀ ရှိပါပြီ။ တိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေးပိုင်းကိုတော့ ခုမှစတင်ဝင်ရောက်လာတာ တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ တိုင်းရင်းဆေးတွေကို ငယ်စဉ်ကတည်းက ယုံယုံကြည်ကြည်နဲ့ သုံးစွဲခဲ့ပြီး ကိုယ်တိုင်ထုတ်လုပ်သူ အနေနဲ့ ဒီပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ တိုင်းရင်းဆေးဝါး သုံးစွဲသူတွေ အနေနဲ့ မြန်မာ့တိုင်းရင်းဆေးဝါးတွေဟာ တိုင်းရင်းဆေးစစ်စစ်နဲ့ ဖော်စပ်ထားတဲ့အတွက် အကျိုးအာနိသင်ရှိပြီး ဆိုးကျိုးမရှိပါဘူး။

မောင်မြတ်ဝင်းသူ (ဒုတိယနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်)

ဒီနေ့ကျင်းပတဲ့ပွဲကို လေ့လာသူကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် လာရောက်လေ့လာတာပါ။ ခင်းကျင်းပြသထားတဲ့ နာမည်ကြီးတိုင်းရင်း ဆေးဝါးတွေ၊ တိုင်းရင်းဆေးတွေရဲ့ ထုတ်လုပ်ပုံနဲ့တိုင်းရင်းဆေး ရှေးသုံးနည်း အစဉ်အလာတွေ၊ ရေထွက်၊ တွင်းထွက်ပစ္စည်းတွေကို လေ့လာခဲ့ပါတယ်။ စာတမ်းဖတ်ပွဲမှာ စာတမ်းရှင်ဆရာ ဆရာမတွေ ဖတ်ပြသွားတဲ့ အသိပညာ ဗဟုသုတတွေကိုလည်း ရရှိပါတယ်။ စာတမ်းဖတ်ပွဲမှာ ကချင်တိုင်းရင်းသားများရဲ့ GYAU N-Gun Tsi အရိုးကော်အားဆေးနဲ့ ကျားပေါ်ဆေးအကြောင်းကိုတော့ စိတ်ဝင်စားပြီး သဘောကျပါ တယ်။ တိုင်းရင်းဆေးပညာရှင် ကြီးတွေနဲ့လည်း ညီလာခံမှာ မိသားစုတွေလို တွေ့ဆုံခွင့်ရတယ်။ ဒီလိုပွဲတွေကို နှစ်စဉ်နှစ်တိုင်း လုပ်ပေးစေချင်ပါတယ်။ အခုလို လာရောက်လေ့လာပြီးရရှိလာတဲ့ အတွေ့အကြုံတွေကို သူငယ်ချင်းတွေနဲ့ ကျောင်းမှာ ပြန်လည်ဝေမျှသွားမှာပါ။

Newspaper - 2990 items

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download