(၂/၂၀၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / November 23, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၂၂

(၂/၂၀၂၄)ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်၍ ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၌ကျင်းပရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသည့် စီးပွားရေးလုပ်ငန်းစဉ် ၁၄ ခု အနက် ၁၀ ခုကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ပြီးလုပ်ငန်းစဉ် ၄ ခုကို ၂၀၂၄ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်သည့်အတွက် လုပ်ငန်းများအချိန်မီပြီးစီးစေရန်အတွက် လုပ်ငန်းအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားစေလိုကြောင်း၊ အေအီးစီ(AEC)အနေဖြင့် ယခုနှစ်တွင် လုပ်ငန်း(၁၁၁)ခုကို အကောင်အထည်ဖော်ရန်ချမှတ်ထားပြီး အာဆီယံဒေသတစ်ခုလုံးအနေဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းအများစုသည် ဆောင်ရွက်ဆဲလုပ်ငန်းများဖြစ်၍ လုပ်ငန်းအဖွဲ့များအနေဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

အာဆီယံအနေဖြင့် ဒေသတွင်းသာမကဒေသ ပြင်ပစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နေသည့်အတွက် အာဆီယံနှင့်ဆွေးနွေး ဖက်နိုင်ငံများနှင့် ညှိနှိုင်းမှုများဆောင်ရွက်ရာတွင် အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter) အရ အာဆီယံ၏ဗဟိုကျမှု(Centrality)ကို ထိန်းသိမ်းဆောင်ရွက်ရန် အာဆီယံ၏လုပ်ငန်းအဖွဲ့များ ညှိနှိုင်းအစည်းအဝေးများတွင် အလေးထားဆွေးနွေးစေလိုကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် အေအီးစီလမ်းပြ မြေပုံ ၂၀၂၅ အကောင်အထည်ဖော်မှု၏ အပြီးသတ်ကာလဖြစ်သည့်အတွက် အေအီးစီလုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက်တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ၂၀၂၅ အလွန်တွင် အေအီးစီလုပ်ငန်းများဆက်လက် အကောင်အထည်ဖော်ရန် အေအီးစီမဟာဗျူဟာစီမံချက် (၂၀၂၆-၂၀၃၀) ကို ရေးဆွဲလျက်ရှိသည့်အတွက်လုပ်ငန်းအဖွဲ့က အကြံပြုချက်များထည့်သွင်းရန်နှင့် မူဝါဒများချမှတ်ရာတွင် ဒေသတွင်းကတိကဝတ်များနှင့် ကိုက်ညီမှုရှိစေရန် ကြိုတင်လေ့လာမှုများဆောင်ရွက်ရန်နှင့် ကဏ္ဍအလိုက်ဘာသာရပ်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သူများကို စနစ်တကျ လေ့လာသင်ကြားမှုများ ဆောင်ရွက်ရန်တို့ကို ပြောကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိဖြစ်သူ ဒေါက်တာမာလာမျိုးညွန့်က (၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့် (၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက် အဝန်းကောင်စီအစည်းအဝေးတို့၏ ဆွေးနွေးချက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများ (ဒုတိယဝန်ကြီးများ)၊ အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကော်မတီအလိုက် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ကို မြန်မာနိုင်ငံအနေဖြင့် အေအီးစီလုပ်ငန်းများ အကောင်အထည်ဖော်မှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက်လုပ်ငန်းကော်မတီ ၂၂ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်းကော်မတီများ၏ ဥက္ကဋ္ဌများအဖြစ် ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်များက လည်းကောင်း၊ အတွင်းရေးမှူးများအဖြစ် ညွှန်ကြားရေးမှူးချုပ်များကလည်းကောင်း၊ သက်ဆိုင်ရာဌာနများက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

သတင်းစဉ်

Newspaper - 2990 items

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download