PDF အမည်ခံ အကြမ်းဖက်သမားများက သရက်မြို့ သရက် - ကံမလမ်း ပါးပွတ်ကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်၊ အပြစ်မဲ့အရပ်သားပြည်သူ နှစ်ဦး မီးလောင်သေဆုံး


Ministry of Information/ Naypyitaw / November 08, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၇

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိကြရာ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သရက်-ကံမကားလမ်းအတိုင်း အရပ်သားပြည်သူများ မောင်းနှင်လာသည့် မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်ပေါ်ရှိ အပြစ်မဲ့ပြည်သူ အမျိုးသား နှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့နေ ဦးကျော်လွင် (၄၅) နှစ် မောင်းနှင်၍ သရက်မြို့နေ ဦးခင်မောင်ဦး (၅၈)နှစ် လိုက်ပါလာသည့် Toyota Hilux Double Cab အမျိုးအစား မော်တော်ယာဉ် အမှတ် 4S/--------- သည် နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် သရက်မြို့၏ အနောက်တောင်ဘက် မီတာ ၁၈၀၀၀ ခန့်အကွာရှိ သရက် - ကံမလမ်းအတိုင်း မောင်းနှင်လာစဉ် ပါးပွတ်ကျေးရွာလမ်းပေါက်အနီးသို့အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် မီးလောင်၍ ယာဉ်ပေါ်ပါ အရပ်သားပြည်သူ အမျိုးသား နှစ်ဦးမှာ မီးလောင်သေဆုံးခဲ့ ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာလမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3526 items

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download