ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအစဉ် အောင်မြင်စွာ အကောင် အထည်ဖော် နိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက်အကူအညီပေးသွားမည်

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအစဉ် အောင်မြင်စွာ အကောင် အထည်ဖော် နိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက်အကူအညီပေးသွားမည်


Ministry of Information/ ​နေပြည်တော် / May 27, 2020


 

နေပြည်တော် မေ ၂၆

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော် မောင်သည် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ဆိုင်ရာ Country Director Ms. Mariam J. Sherman အား ယနေ့တွင် Video Conference ဖြင့် ချိတ်ဆက်ဆွေးနွေးသည်။

ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ်မှ ပံ့ပိုးပေးခဲ့သည် များကို ကျေးဇူးတင်ရှိပါကြောင်း၊ အထူးသဖြင့် အဆင့်မြင့်ငွေစက္ကူ ရေတွက် စစ်ဆေးစက်များ တပ်ဆင်ခြင်းနှင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့ တွင် မြန်မာနိုင်ငံတော် ဗဟို ဘဏ်သင်တန်းကျောင်း များ တည်ဆောက်ခြင်းလုပ်ငန်း စီမံကိန်းများ အတွက် ပံ့ပိုးပေးခဲ့မှုများအပေါ် ကျေးဇူး တင်ရှိပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ Country Director Ms. Mariam J. Sherman က ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ ငွေရေး ကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးရန် အသင့်ရှိပါ ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင် ပြောင်းလဲမှုအစီအစဉ် (Reform Agenda) အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက် အကူအညီပေး သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြား သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဥက္ကဋ္ဌများဖြစ်ကြ သော ဦးစိုးမင်း၊ ဦးစိုးသိန်းတို့လည်း တက်ရောက် ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,