ကမ်းရိုးတန်းသွားရေယာဉ်များနှင့် မြစ်ဝကျွန်းပေါ်ရေယာဉ်များ ပြေးဆွဲမှုကို မဟာသင်္ကြန်ရုံးပိတ်ရက်များတွင် ယာယီရပ်နားမည်

ကမ်းရိုးတန်းသွားရေယာဉ်များနှင့် မြစ်ဝကျွန်းပေါ်ရေယာဉ်များ ပြေးဆွဲမှုကို မဟာသင်္ကြန်ရုံးပိတ်ရက်များတွင် ယာယီရပ်နားမည်


Ministry of Information/ ​ရန်ကုန် / April 07, 2020


ရန်ကုန်  ဧပြီ ၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအောက်ရှိ ကမ်းရိုးတန်းသွားရေယာဉ်များနှင့် မြစ်ဝကျွန်းပေါ်ရေယာဉ်များ ပြေးဆွဲမှုကို မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁၀ ရက်မှ ၂၀ ရက်အထိ ယာယီရပ်နားသွားမည်ဖြစ်ပြီး မဟာသင်္ကြန်ပြီးပါက သတ်မှတ်ရက်အလိုက် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး အတွင်း က ဒလ၊ ခနောင်တိုသို့ ပြေးဆွဲနေတဲ့ ရေယာဉ်တွေကို ခေါက်ရေလျှော့ဆွဲ မယ့်အပြင် ဧရာဝတီတိုင်းဒေသကြီးက ကျုံမငေး၊ ရန်ကုန်-ကြာကန် သင်္ဘော လိုင်းတွေကို ဧပြီ ၁၀ ရက်ကစပြီး ယာယီရပ်နားပြီး သင်္ကြန်ပြီးမှ ပြေးဆွဲ ဖို့ စာထုတ်ထားပါတယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးသိန်းမြင့်က ပြောသည်။

“ကျွန်တော်တို့ ဧပြီ ၁၀ ရက်က ၂၀ ရက်အထိ ပိတ်ပါတယ်။ ဧပြီ ၉ ရက် ညနေ နောက်ဆုံးသင်္ဘောတွေ ထွက်ပါမယ်။ အရင်က ဧပြီ ၁၀ ရက် ၁၂ ရက် ထွက်တယ်။ သင်္ကြန်အကြိုနေ့ ဆို လူများ တယ်။ သင်္ကြန် အတွင်းက အကျနေ့ဆို လူမရှိတော့ သင်္ဘောလည်း မထွက်တော့ဘူး”ဟု ပုဂ္ဂလိက ရေယာဉ်များ စည်းကမ်းထိန်းသိမ်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သူ က ပြောသည်။
မြစ်ဝကျွန်းပေါ် သင်္ဘောလိုင်း များမှာ ရန်ကုန်မြို့နှင့် ပုသိမ်၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လမြိုင် ကျွန်း၊ ဘိုကလေး၊ ကျုံမငေးမြို့များ သို့ ပြေးဆွဲသည့် သင်္ဘောလိုင်းများ ဖြစ်ကြသည်။

အလားတူ ကမ်းရိုးတန်းကုန်တင် ရေယာဉ်လိုင်းများဖြစ်သည့် ရန်ကုန် မြို့နှင့် ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ကျောက်ဖြူ၊ စစ်တွေမြို့များသို့ ပြေးဆွဲ နေသည့် သင်္ဘောလိုင်းများကို လည်း မဟာသင်္ကြန် ရုံးပိတ်ရက် များတွင် ယာယီရပ်နားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ကမ်းရိုးတန်း ကုန်တင်ရေယာဉ်များအသင်း (ဝါးတန်း ဆိပ်)မှ တံတားတာဝန်ခံ ဦးကျော်စိုးဦး ထံက သိရသည်။

သန့်ဇင်ဝင်း

HOT NEWS
January 4,