ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေများ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေများ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်း


Ministry of Information/ ချင်းပြည်နယ် / June 05, 2020
image_latest


ဟားခါး        ဇွန်       ၅

ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Junction River Trading Co.,Ltd က ကျပ်တစ်ဆယ့်သုံးသိန်းကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများနှင့် ပလက်ဝဒေသ တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေကျပ်ငါးသိန်းကို ယနေ့ နံနက် ၁၁ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် Junction River Trading Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ကျပ် (၁,၃၆၆,၀၀၀/-)တန်ဖိုးရှိ PPE ဝတ်စုံ(၇၀)စုံ၊ နှာခေါင်းစည်း(၂၀,၀၀)ခု၊ Hand Gel (၂၀)ဘူးနှင့် ပလက်ဝဒေသတိုက်ပွဲရှောင် ပြည်သူများအတွက်  အလှူငွေကျပ် (၅၀၀,၀၀၀/-) ကို ပေးအပ်လှူဒါန်းရာ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဆန်းထွန်းစိန်နှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

HOT NEWS
January 4,