ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေးမှုသင်တန်းများလျှောက်ထားနိုင်

ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေးမှုသင်တန်းများလျှောက်ထားနိုင်


Ministry of Information/ Naypyitaw / December 06, 2022
image_latest


ရန်ကုန် ဒီဇင်ဘာ ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) တွင် အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် (၃) လ သင်တန်းများဖြစ်သည့် စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

အဆိုပါသင်တန်းများသို့ တက်ရောက်လိုသူများသည် အမှတ် (၆၅)၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း ဝင်းအတွင်း၊ မသန်စွမ်းသက်ကြီး သင်တန်းကျောင်း၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း ၀၁-၉၆၆၁၇၂၊ ၀၉-၂၅၀၄၀၂၃၉၂ နှင့် ၀၉-၄၂၁၁၁၀၈၆၇ သို့ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် သင်တန်းတက်ရောက်ခွင့်ရသူများအား သင်တန်းတက်ရောက် နေစဉ်ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေးများ စီစဉ်ပေးပြီး သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်သော သင်တန်းသား/သူများအတွက် ရန်ကုန်မြို့သို့လာသော ခရီးစရိတ်နှင့် အပြန် ခရီးစရိတ်တို့ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,