ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်မှတ်ပုံတင်လုပ်ငန်း၊ ယာဉ်မောင်း လိုင်စင် သက်တမ်းတိုးလုပ်ငန်းနှင့် လုပ်ငန်းလိုင်စင်လုပ်ငန်းများပြန်လည်စတင်ရန် အများ ပြည်သူ သို့အသိပေးကြေညာခြင်း

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်မှတ်ပုံတင်လုပ်ငန်း၊ ယာဉ်မောင်း လိုင်စင် သက်တမ်းတိုးလုပ်ငန်းနှင့် လုပ်ငန်းလိုင်စင်လုပ်ငန်းများပြန်လည်စတင်ရန် အများ ပြည်သူ သို့အသိပေးကြေညာခြင်း


Ministry of Information/ ​နေပြည်တော် / June 05, 2020


 

- ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်အရတိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ်ရုံးများ၏    ဝန်ဆောင် မှု လုပ်ငန်းများကို    (၈-၆-၂၀၂၀) ရက်    (တနင်္လာ) နေ့မှစ၍  ပြန်လည် စတင် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

- ဝန်ဆောင်မှုရပ်ဆိုင်းထားသည့်ကာလအတွင်း ယာဉ်မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည့်   မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များသည်   အောက်ပါ သတ်မှတ်ကာလအတွင်း နှစ်လဲ သက်တမ်းတိုး လာရောက်ဆောင်ရွက်ရမည် ဖြစ်ပြီး အချိန်မီဆောင်ရွက်ပါက ဒဏ်ကြေး ကင်းလွတ်ခွင့်ရမည် ဖြစ်ပါသည်-

 (က) ၃/၂၀၂၀    မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့်     ယာဉ်များနှင့်၄/၂၀၂၀ လ မှတ်ပုံတင် သက်တမ်းကုန်ဆုံးသည့်ယာဉ်များသည်(၈-၆-၂၀၂၀) ရက်မှ (၃၁-၇-၂၀၂၀) ရက်နေ့အတွင်း၊

 ( ခ) ၅/၂၀၂၀   မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့်   ယာဉ်များသည် (၈-၆-၂၀၂၀) ရက်မှ (၃၁-၈-၂၀၂၀)ရက်နေ့အတွင်း၊

 ( ဂ) ၆/၂၀၂၀    မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့်   ယာဉ်များသည်(၈-၆-၂၀၂၀)  ရက်မှ (၃၀-၉-၂၀၂၀)ရက်နေ့အတွင်း၊

- ဝန်ဆောင်မှုရပ်ဆိုင်းထားသည့်ကာလအတွင်း မှတ်ပုံတင်သက်တမ်း  တစ်ဆက်တည်း  (၅)  နှစ်ကျော်၍   နှစ်ပြတ်နိုင်သည့်   ယာဉ်များသည် အောက်ပါသတ်မှတ်ကာလအတွင်း  လာရောက် သက်တမ်းတိုး  ဆောင်ရွက် ရန်နှင့်    သတ်မှတ်ကာလကျော်လွန်ပါက ယာဉ် အန္တရာယ် ကင်းရှင်းရေးနှင့်  မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနှင့်အညီ မှတ်ပုံတင် ဖျက်သိမ်း မည် ဖြစ်ပါသည်-

 (က) ၃/၂၀၁၅  လ  မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့် ယာဉ်များနှင့်၄/၂၀၁၅ လ မှတ်ပုံတင် သက်တမ်းကုန်ဆုံးသည့် ယာဉ်များသည် (၈-၆-၂၀၂၀)ရက်မှ (၃၁-၇-၂၀၂၀)ရက်နေ့အတွင်း၊

 (ခ) ၅/၂၀၁၅ လ မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့် ယာဉ်များသည်(၈-၆-၂၀၂၀) ရက်မှ (၃၁-၈-၂၀၂၀) ရက်နေ့အတွင်း၊( ဂ) ၆/၂၀၁၅ လ မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့် ယာဉ်များသည်(၈-၆-၂၀၂၀) ရက်မှ (၃၀-၉-၂၀၂၀) ရက်နေ့အတွင်း၊

- ဝန်ဆောင်မှုရပ်ဆိုင်းထားသည့်ကာလအတွင်း သက်တမ်းကုန်ဆုံးရက် ကျရောက်သော ယာဉ်မောင်းလိုင်စင်များသည်အောက်ပါသတ်မှတ် ကာလအတွင်း    နှစ်လဲသက်တမ်းတိုး     လာရောက်ဆောင်ရွက်ရမည်ဖြစ်ပြီး အချိန်မီဆောင်ရွက်ပါက ဒဏ်ကြေး ကင်းလွတ်ခွင့် ရမည်ဖြစ် ပါသည်-

 (က) လိုင်စင်သက်တမ်းကုန်ဆုံးရက်    (၂၅-၃-၂၀၂၀   မှ  ၃၀-၄-၂၀၂၀) အတွင်းရှိ လိုင်စင် များသည် (၈-၆-၂၀၂၀ မှ ၃၁-၇-၂၀၂၀) အထိ၊ (ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင် ရုံးများ အတွက်သာ)

 (ခ) လိုင်စင်သက်တမ်းကုန်ဆုံးရက်(၃၀-၃-၂၀၂၀ မှ ၃၀-၄-၂၀၂၀) အတွင်းရှိ လိုင်စင်များ သည်  (၈-၆-၂၀၂၀  မှ  ၃၁-၇-၂၀၂၀) အထိ၊ (အခြားတိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ     မှတ်ပုံတင်ရုံးများ  အတွက်သာ)

 (ဂ) လိုင်စင်သက်တမ်းကုန်ဆုံးရက်   (၁-၅-၂၀၂၀   မှ    ၃၁-၅-၂၀၂၀) အတွင်းရှိ လိုင်စင် များသည် (၈-၆-၂၀၂၀  မှ  ၃၁-၈-၂၀၂၀) အထိ၊

 (ဃ) လိုင်စင်သက်တမ်းကုန်ဆုံးရက်   (၁-၆-၂၀၂၀   မှ    ၃၀-၆-၂၀၂၀) အတွင်းရှိ လိုင်စင် များသည် (၈-၆-၂၀၂၀ မှ ၃၀-၉-၂၀၂၀)အထိ၊

- ဝန်ဆောင်မှုရပ်ဆိုင်းထားသည့်ကာလအတွင်း  ယာဉ်မောင်းလိုင်စင် သက်တမ်း တစ်ဆက် တည်း (၅) နှစ်ကျော်၍ နှစ်ပြတ်နိုင်သည့် ယာဉ်မောင်း လိုင်စင်များသည် အောက်ပါ သတ်မှတ် ကာလအတွင်း လာရောက်သက်တမ်းတိုး ဆောင်ရွက်ရန်နှင့် သတ်မှတ် ကာလ ကျော်လွန်ပါက (၅) နှစ်ကျော် နှစ်ပြတ်  လိုင်စင်အဖြစ် သတ်မှတ်မည်ဖြစ်ပါသည်-

 (က) လိုင်စင်သက်တမ်းကုန်ဆုံးရက်  (၂၅-၃-၂၀၁၅  မှ   ၃၀-၄-၂၀၁၅) အတွင်းရှိ လိုင်စင် များသည် (၈-၆-၂၀၂၀  မှ  ၃၁-၇-၂၀၂၀)အထိ၊ (ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင် ရုံးများအတွက်သာ)

 ( ခ) လိုင်စင်သက်တမ်းကုန်ဆုံးရက်   (၃၀-၃-၂၀၁၅  မှ   ၃၀-၄-၂၀၁၅) အတွင်းရှိ လိုင်စင် များသည် (၈-၆-၂၀၂၀  မှ  ၃၁-၇-၂၀၂၀) အထိ၊(အခြားတိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မှတ်ပုံတင်ရုံးများ အတွက်သာ)

 (ဂ) လိုင်စင်သက်တမ်းကုန်ဆုံးရက်   (၁-၅-၂၀၁၅   မှ   ၃၁-၅-၂၀၁၅) အတွင်းရှိ လိုင်စင် များသည် (၈-၆-၂၀၂၀  မှ  ၃၁-၈-၂၀၂၀) အထိ၊

 (ဃ) လိုင်စင်သက်တမ်းကုန်ဆုံးရက်    (၁-၆-၂၀၁၅   မှ   ၃၀-၆-၂၀၁၅) အတွင်းရှိ လိုင်စင် များသည်(၈-၆-၂၀၂၀  မှ  ၃၀-၉-၂၀၂၀) အထိ၊

- တိုင်းဒေသကြီးဦးစီးမှူးရုံး(ရန်ကုန်)၊ တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)၊ ခရိုင်ရုံး   (ရန်ကုန် အနောက်ပိုင်း/ရန်ကုန်အရှေ့ပိုင်း/ရန်ကုန်မြောက်ပိုင်း/ရန်ကုန်တောင်ပိုင်း)၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး (မန္တလေး)၊ ခရိုင်ရုံး (မန္တလေး တောင်ပိုင်း/မန္တလေးမြောက်ပိုင်း) နှင့် တိုင်းဒေ သကြီး ဦးစီးမှူးရုံး (ပဲခူး) တို့တွင်  ယာဉ်ပိုင်ရှင်များသည် မိမိယာဉ် စစ်ဆေး လိုသည့် ရက်များကို (၅-၆-၂၀၂၀)ရက် (သောကြာနေ့) မှစတင်၍ ယခင်အတိုင်း www.rtad.gov.mm Website တွင် Online Booking ကို အနည်းဆုံး(၁)ရက်မှ အများဆုံး(၃၀)ရက်အထိ ကြိုတင် ရယူနိုင်ပါသည်။ လူစုလူဝေးမဖြစ်ပေါ်စေရန် Online Booking စနစ်ဖြင့် ဆောင်ရွက် ပေးခြင်းဖြစ်သောကြောင့် ကြိုတင်စုဝေးခြင်းမပြုလုပ်ဘဲ သတ်မှတ် ထားသည့်   အချိန် တွင်သာ   လာရောက်ဆောင်ရွက်ကြရန်   မေတ္တာရပ်ခံ အပ်ပါသည်။

- ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများနှင့် မန္တလေးတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး ဦးစီးမှူးရုံး (မန္တလေး)၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း/မန္တလေး မြောက်ပိုင်း)ရုံးများ၌   အပတ် စဉ်  စနေနေ့ကိုပါ  ဝန်ဆောင်မှုလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါ၍   ၂၀၂၀   ပြည့်နှစ်၊   စက်တင်ဘာလ (နောက်ဆုံးပတ်)အထိ စနေနေ့ပါ Online Booking ရယူနိုင်ပါ သည်။

- အသေးစိတ်အချက်အလက်များကို www.motc.gov.mm, www.myanmarrtad.com, www.rtad.gov.mm Website များနှင့် RTAD HQ facebook များတွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း လေးစားစွာအသိပေး ကြေညာအပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

HOT NEWS
January 4,