ကျိုက်ထိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူခြောက်ဦး သေဆုံးခဲ့ကြောင်းနှင့် ပြည်သူငါးဦးကိုလည်း ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေ

ကျိုက်ထိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူခြောက်ဦး သေဆုံးခဲ့ကြောင်းနှင့် ပြည်သူငါးဦးကိုလည်း ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 26, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ကျောက်တန်းကလေး ကျေးရွာအနီးတွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းကတိုးကုန်းကျေးရွာမှ ပြည်သူခြောက်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ပိန္နဲကုန်းကျေးရွာမှ ပြည်သူငါးဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားထားသည်ကို တွေ့ရသည်။

ဖြစ်စဉ်အမှန်မှာ ကျိုက်ထိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ကျောက်တန်းကလေးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာ အနီးတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခဲ့ရာ တရားမဝင်သယံဇာတများ တူးဖော်ရာတွင် အသုံးပြုမည့်ဘက်ဟိုးယာဉ် တစ်စီးကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ပြည်သူများကို ဖမ်းဆီးခြင်းများလည်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အကြမ်းဖက်သမား များသည် ၎င်းတို့ ဆက်လက် ရပ်တည်နိုင်ရေးအတွက် ပြည်သူများထံမှ အတင်းအဓမ္မငွေကြေးတောင်းခံခြင်း၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်းနှင့် သဘာဝသယံဇာတများကို တရားမဝင်တူးဖော်ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း ၎င်းတို့၏ ဥပဒေမဲ့လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် သတင်းတု၊ သတင်းအမှားများဖြင့် အများပြည်သူကို ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,