ချောင်းမငယ်ရေလှောင်တမံဧရိယာတွင် သဘာဝဂေဟစနစ်အမှီပြု လယ်ယာကဏ္ဍတိုးတက်ရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

ချောင်းမငယ်ရေလှောင်တမံဧရိယာတွင် သဘာဝဂေဟစနစ်အမှီပြု လယ်ယာကဏ္ဍတိုးတက်ရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်


Ministry of Information/ Naypyitaw / March 13, 2023
image_latest


နေပြည်တော် မတ် ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံဧရိယာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သဘာဝဂေဟစနစ်အမှီပြု လယ်ယာကဏ္ဍတိုးတက်ရေးစီမံကိန်း Agroecological Project တွင်ပါဝင်သည့် သီးနှံသစ်တောရောနှောစိုက်ခင်းများ ထူထောင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက သီးနှံသစ်တောရောနှောစိုက်ခင်းထူထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနနှင့်ပူးပေါင်းပြီး ဒေသ၏ထူးခြားသော ဝိသေသလက္ခဏာများပါဝင်သည့် လယ်ယာစီးပွားအခြေခံသော စီးပွားရေးဇုန်အဖြစ် ပေါ်ထွန်းလာရေးဆောင်ရွက်ရန်၊ ဒေသနေပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့် စိုက်ပျိုးမွေးမြူရေးစနစ်ဖြစ်စေရေးအတွက် အသိပညာနည်းပညာပြန့်ပွားရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျောက်တစ်လုံးကျောင်းစုရွာသစ် မွေးမြူရေးတောင်သူ ဦးလှကြိုင်၏ တိုင်းရင်းကြက် မွေးမြူရေးခြံကိုလည်းကောင်း၊ ကနစိုးကျေးရွာ မွေးမြူရေးတောင်သူ ဦးသိန်းလွင်၏ ဘဲမွေးမြူရေးခြံကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး မွေးမြူရေး တောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော အသေးစား အငယ်စားနှင့် အလတ်စားမွေးမြူရေးလုပ်ငန်းများတိုးပွားလာရေးအတွက် သက်ဆိုင်ရာကဏ္ဍများက ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

အလားတူ မဒေါ့ပင်ကျေးရွာ CP အသားတိုး ဝက်မွေးမြူရေးခြံသို့လည်းကောင်း၊ ရှားချောင်းကျေးရွာ Ko & Nyi Co.,Ltd ၏ ဒေသကျွဲမွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လုပ်ငန်းရှင်များနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,