စစ်ကိုင်းတိုင်းဒေသကြီး၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ


Ministry of Information/ ​နေပြည်တော် / June 05, 2020
image_latest


မုံရွာ မေ  ၅

စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၀ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှား ဆောင်ရွက်မှု အဖြစ် တိုင်းဒေသကြီးအတွင်းရှိ သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်ဒေသကြီး ပတ်ဝန်ကျင်း ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပညာရေးမှူး နှင့် ဆုရကျောင်း များမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးသည် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများဆိုင်ရာ အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများ အခြေခံ၍  ASEAN Environmental Education Action Plan-AEEAPပါ“နိုင်ငံအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်းများ ဆုချီးမြှင့်ခြင်း အစီအစဉ် ဆောင်ရွက်ရန်’’ လုပ်ငန်း အစီအစဉ်အား အကောင်အထည်ဖော်သည့်အနေဖြင့် “သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆုနှင့် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆု ချီးမြှင့်ခြင်းအစီအစဉ်ကို ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆုချီးမြှင့်ခြင်းဖြင့် အခြားကျောင်းများမှ အတုယူလိုက်နာ ဆောင်ရွက်စေရန်နှင့် မြန်မာနိုင်ငံ တစ်ဝန်း သန့်ရှင်း၍ စိမ်းလန်းစိုပြေ သောကျောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် လူငယ်များအကြား ပတ်ဝန်ကျင်းဆိုင်ရာ အတွေးအမြင်များ  စိမ့်ဝင် ပြန့်နှံ့လာကာ ကမ္ဘာ့ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပမှုများ ဖန်းတီးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ ရွေးချယ်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၀၂၀ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဗီဒီယိုပြသခြင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရူအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း အထက်တန်းအဆင့် ပထမဆုရ ယင်းမာပင်မြို့နယ် အ.ထ.က (ခွဲ) တမာပင်ခွ(တ)နှင့် ဒုတိယဆုရ အ.ထ.ထက (၅) မုံရွာမြို့၊ အလယ်တန်းအဆင့် ပထမဆုရ အင်းတော်မြို့နယ်ရှိ အ.လ.က (နတ်မဟုတ်ကလေး)၊ ဒုတိယဆုရ စစ်ကိုင်းမြို့နယ် အ.လ.က (ငါ့တရော်) နှင့် မူလတန်းအဆင့် ပထမဆုရ ပင်လည်ဘူးမြို့နယ် အ.မ.က၊ (သစ်ထိပ်)၊ ဒုတိယဆုရ ရွှေဘိုမြို့နယ်  အ.မ.က (ကုန်းသာ) ကျောင်းတို့မှ ကျောင်းအုပ်ကြီးများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ဆုတံဆိပ် နှင့် ဂုဏ်ပြုငွေများကို အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ယဉ်ဆွေဝင်း(ပြန်/ဆက်) 

HOT NEWS
January 4,