စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့ရှိ INFORMATION ACCESS CENTER တွင် သတင်းအချက်အလက် များပြုစုဆောင်ရွက်ရန်နှင့် ဆက်စပ်ပစ္စည်းများ ထားရှိနိုင်ရေးအတွက် သတင်းအချက်အလက် ပြုစုရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

Sagaing Region Government/ Monywa / June 05, 2020
logo

၅-၆-၂၀၂၀ ရက်နေ့၊ (၁၅၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စစ်ကိုင်းမြို့ရှိ Information access center တွင် သတင်းအချက်အလက် များပြုစုဆောင်ရွက်ရန်နှင့် ဆက်စပ်ပစ္စည်းများ ထားရှိနိုင်ရေးအတွက် သတင်းအချက်အလက် ပြုစုရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး (ဥက္ကဋ္ဌ၊ သတင်းအချက်အလက်ပြုစုရေးကော်မတီ) ဦးစိုးဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များနှင့် ကွန်ပျူတာပညာရှင်များမှ စစ်ကိုင်းမြို့ တွင် တည်ဆောက်လျက်ရှိသော Information access center ပြီးစီးပါက အဆိုပါ centerတွင် စစ်ကိုင်းတိုင်း ဒေသကြီးနှင့်သက်ဆိုင်သော သတင်းအချက်အလက်များအား နည်းပညာဖြင့် ထားရှိ ထိန်းသိမ်းနိုင်ရေးအတွက် ပြုစုဆောင်ရွက်နိုင်ရန်နှင့် နည်းပညာနှင့်သက်ဆိုင်သော ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,