စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


Ministry of Information/ စစ်ကိုင်းတိုင်းဒေသကြီး / August 03, 2020
image_latest


ရွှေဘို သြဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ရွေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် (၂)နာရီက ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ၏ မိုးစပါးစိုက်ပျိုးရေ ဖူလုံစွာရရှိရေး သက်ဆိုင်ရာဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာအနီးရှိ ရှေ့ပြေးအဆင့်မြှင့်လယ်ယာမြေဖော်ဆောင်ခြင်း စီမံကိန်းရှင်းလင်းဆောင်တွင် ဒေသခံ တောင်သူများနှင့် တွေ့ဆုံရာတွင် ဆည်မြောင်း ဦးစီးဌာနမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအားလည်းကောင်း၊ စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် တောင်သူများ၏ မိုးစပါးစိုက်ပျိုးရေး ဖူလုံစွာရရှိရေး အခြေအနေတို့အား လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆည်မြောင်းဦးစီးဌာန၏ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးပြီး ဆည်မြောင်းဦးစီးဌာနများ အနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် မိုးစပါး စိုက်ပျိုးရေဖူလုံစွာ ရရှိရေးကို အထူးအလေးထား ကြိုးစား၍ အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး ခင်ဦးမြို့နယ်အတွင်း ရွှေဘိုမြောင်းမတော် လက်တံ(၁)၊ (၂)၊ (၃)တို့ရှိ ရေသောက်ဧရိယာ (၁၇၇၈၃)ဧက   မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ခင်ဦး မြို့ဝင် ကတ္တရာလမ်း အဆင့်မြှင့်တင် ချဲ့ထွင် ဖောက်လုပ်ပြီးစီးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)