စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး


Sagaing Region Government/ monywa / August 08, 2020


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ (၇.၈.၂၀၂၀)ရက်နေ့ နံနက် (၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြလုပ်သော မီးငြိမ်းသတ်ယာဥ်နှစ်စီး လွှဲပြောင်းပေးအပ်သို့ တက်ရောက်ပြီး နိုင်ံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ချောင်းဦးမြို့ ရောက်ရှိစဉ် လမ်းညွှန်မှုအရ ချောင်းဦးမြို့နယ်အတွင်းရှိ ချောင်းမနားကျေးရွာနှင့် နတ်ရေကန်ကျေးရွာတို့၏ မီးဘေးလုံခြုံရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၇၈.၄)သန်းဖြင့် ဝယ်ယူထားသော ‌ဂါလံ(၈၀၀)ဆံ့ ဒေါင်ဖန်း မီးငြိမ်းသတ်ယာဥ်နှစ်စီးအား တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြလုပ်သော မီးသတ်စွမ်းရည် သရုပ်ပြပွဲအား ကြည့်ရှု့အားပေးခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ အောင်မဟာလမ်း (၁၁၉၅၅×၂၂)ပေ အဆင့်မြှင့်ခြင်းနှင့် လမ်းသားချဲ့၍ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးအခြေအနေ ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အနော်ရထာလမ်း ကတ္တရာလမ်းချဲ့၍ လမ်းသားမြှင့်ခြင်း ဆောင်ရွက်မှုအခြေအနေ နှင့် ကမ်းနားလမ်း အေးသာယာလမ်းဆုံအား အဖြောင့်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။
​​​​​​​

 

 

 

HOT NEWS
January 4,