စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂) တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂) တက်ရောက်


Sagaing Region Government/ Monywa / January 28, 2022
Logo


ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၂)ကို ဇန်နဝါရီလ(၂၈)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က  “စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ  ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများအနေဖြင့် Phase 6 ကာကွယ်ဆေးများကို လျာထားရည်မှန်းချက်များအတိုင်း အောင်မြင်စွာထိုးနှံနိုင်ရေးအတွက်တာဝန်ရှိသူများက အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံနိုင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အထူးအလေးထားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် Oxygen ရရှိရေးအတွက် Oxygen Concentrator ၊ Oxygen Plant များရရှိရေး ဆောင်ရွက်ခဲ့ရာမှ ယခုအခါ အောက်ဆီဂျင်လိုအပ်ချက်မရှိဘဲ ပြည့်စုံနေပြီဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ရောဂါပိုးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ ရောဂါပိုးတွေ့ရှိပါကလည်း သက်မှတ် Center များတွင် ကန့်သတ်နေထိုင်နိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ အသိပညာပေးခြင်းနှင့် ကြပ်မတ်စစ်ဆေးမှုများအား မလျော့ချဘဲ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပြုမူနေထိုင်ကာ လိုက်နာရန်လိုအပ်ပါကြောင်းနှင့် မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများမှ Mask ၊ Face Shield များ စနစ်တကျတပ်ဆင်၍ ရောင်းချဝယ်ယူကြရန် လိုအပ်ပါကြောင်း “ ပြောကြားခဲ့သည်။

ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်သန်းထိုက်က မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားကာ  အစည်း အဝေးသို့တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါ ပိုးစစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက်ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက်ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက်နေရာများ တွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှုနှင့်  လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,