စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံများအား (၂၇.၅.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့် ပြုကြောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမှုအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံများအား (၂၇.၅.၂၀၂၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့် ပြုကြောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမှုအခြေအနေ


Sagaing Region Government/ မုံရွာမြို့ / May 28, 2020


Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၂၆.၅.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၅၅၈)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၂၇.၅.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၄)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များ ထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာန စုစုပေါင်း(၅၆၂)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

 

စဉ်

စက်ရုံ၊ အလုပ်ရုံအမည်

ပိုင်ရှင်အမည်

တည်နေရာ

မယ်မဒီစတိုးဆိုင်

ဦးနေလင်းထွန်း

အမှတ်(၃)၊ လမ်းမတော်၊ ရွှေဘိုမြို့

ရွှေလီဆန်ခေါက်ဆွဲစက်

ဦးဇော်ထွန်း

ဇီဇဝါလမ်း၊ စက်မှုဇုန်၊ မုံရွာမြို့

ပြည်ကျော်သဇင်

ဂွမ်းဖတ်စက်

ဦးမြင့်ဝင်းအောင်

အမှတ်(၄၄)လမ်း(၄၀)၊ နယ်မြေ(၄)၊

စက်မှုဇုန်၊ မုံရွာမြို့

သန့်ဆေးဂွမ်းလိပ်

ဦးမျိုးသန့်

၃၃-လမ်း၊ စက်မှုဇုန်၊ မုံရွာမြို့

HOT NEWS
January 4,