စတုတ္ထအကြိမ်မြောက် နည်းပညာထုတ်ကုန်ပြပွဲနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ ထားဝယ်မြို့၌ကျင်းပ

စတုတ္ထအကြိမ်မြောက် နည်းပညာထုတ်ကုန်ပြပွဲနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ ထားဝယ်မြို့၌ကျင်းပ

Ministry of Information/ တနင်္သာရီတိုင်းဒေသကြီး / February 14, 2020
image_latest


ထားဝယ်    ဖေဖော်ဝါရီ   ၁၄

ကွန်ပျူတာအကျိုးပြု၊ ဒေသအကျိုးပြု လုပ်ငန်းဆောင်ရွက်ရာတွင် သတင်းအချက်အလက် နည်းပညာဖြင့် ကူညီပေးနိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ၏ စိတ်ကူးဖြင့် ဖန်တီးထားသော စတုတ္ထအကြိမ်မြောက် နည်းပညာထုတ်ကုန်ပြပွဲ (Software & Hardware  Applications ) နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးအောင်သူရ၊ ကွန်ပျူတာ တက္ကသိုလ် (ထားဝယ်) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်အေးသန်း၊ နည်းပညာတက္ကသိုလ် (ထားဝယ်) ဒုတိယ  ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်လင်းတို့က စတုတ္ထအကြိမ်မြောက် နည်းပညာထုတ်ကုန်ပြပွဲနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ခေတ်တွင် ICT ၏ အခန်းကသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသော နယ်ပယ်အသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော အလွန်ရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ ကွန်ပျူတာတက္ကသိုလ်တွင် ပြသမည့် နည်းပညာထုတ်ကုန်များအား ICT နည်းပညာကို လူမှုပတ်ဝန်းကျင်တွင် အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်ပြီး ကျောင်းသား/ကျောင်းသူများ၏ စိတ်ကူးကို ရှုထောင့် အမျိုးမျိုးမှ လေ့လာပုံဖော်ထားသော ရလဒ်ဟု သိရသည့်အတွက် မိမိတို့ သင်ကြားဆည်းပူးထားသော ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရေး စဉ်းစားတီထွင် ဖန်တီးလိုသော စိတ်ဓာတ်ကို အသိအမှတ် ပြုဂုဏ်ယူပါကြောင်း၊ လောကကောင်းကျိုး တိုးပွားစေရန် အထောက်အကူပြုမည့် ICT အသုံးချဝတ္ထုပစ္စည်းများကို  ထုတ်လုပ်နိုင်မည့် စဉ်းစားတီထွင် ဖန်တီးခြင်းများကို ဇွဲ၊ ဝိရိယအခြေခံ၍ တစ်စိုက်မတ်မတ်ဖြင့် ဆက်လက်ကြိုးပမ်းသွားနိုင်ပြီး ဒေသကောင်းကျိုး၊ နိုင်ငံကောင်းကျိုး ဆထက်တိုး သယ်ပိုးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်အေးသန်းက ဒေသအကျိုးပြု Applications များကို ရေးသားအကောင်အထည်ဖော်နိုင်သော ကျောင်းသား/ ကျောင်းသူများ၏ စွမ်းဆောင်ရည်များကို ဖော်ထုတ်ရန်၊ IT Products များ ထုတ်လုပ်နိုင်သော ကျောင်းသား/ ကျောင်းသူများ၏ စိတ်အားထက်သန်မှုကို အားပေးမြှင့်တင်ရန်နှင့် ကျောင်းသား/ ကျောင်းသူများ၏ အနာဂတ်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုတက်များပြားလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဉက္ကဋ္ဌ ဉီးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ တိုင်းဒေသကြီး ဉပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများက ခင်းကျင်းပြသထားသော Software & Hardware Applications  များကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ် (ခရိုင် ပြန်/ဆက်)