စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ
စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ
Ministry of Information/ Naypyitaw / March 13, 2025

နေပြည်တော် မတ် ၁၂
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ သုတပဒေသာ(ဝိဇ္ဇာ) ပထမဆုရ“ယဉ်ယဉ်မွန် (ရှေးဟောင်းသုတေသန) ရေးသားသည့် “ မြို့တည်နန်းတည် ကေတုမတီ (တောင်ငူ)” စာအုပ်ကို ၂၀၂၅ ခုနှစ် မတ်လအသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိသည်။
စာပေဗိမာန်စာအုပ် အသင်းဝင်လိုပါက အတွင်းရေးမှူး၊ စာပေဗိမာန်စာအုပ်အသင်းအမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈သို့လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်