စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုစီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီ ယန်းသန်း (၂၀၀၀) ပေးမည့် စာချွန်လွှာ လက်မှတ်ရေးထိုး

စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုစီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီ ယန်းသန်း (၂၀၀၀) ပေးမည့် စာချွန်လွှာ လက်မှတ်ရေးထိုး


Ministry of Information/ ​နေပြည်တော် / June 05, 2020
image_latest


နေပြည်တော် ဇွန် ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု စီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီ ယန်းသန်း (၂၀၀၀)ပေးရေး ဆိုင်ရာ စာချွန်လွှာကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စား ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ဂျပန်နိုင်ငံ အစိုးရကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. MAYUYAMA Ichiro တို့သည် ဇွန် ၅ ရက်တွင်  အပြန်အလှန် လက်မှတ် ရေးထိုးခဲ့ကြသည်။

အဆိုပါ စာချွန်လွှာဖြင့် အကူအညီပေးမည့် စီမံချက်အရ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း ကိရိယာများ၊ အနီးကပ်ကြပ်မတ်ကုသဆောင် (ICU) အခန်းများ၊ ဓာတ်ခွဲခန်းများနှင့် ဆေးရုံများအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို ပံ့ပိုးဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။   

(သတင်းစဉ်)

HOT NEWS
January 4,