စောစောပြော၊ စောစောသိ အားလုံးအကျိုးရှိ

စောစောပြော၊ စောစောသိ အားလုံးအကျိုးရှိ


Ministry of Information/ ​နေပြည်တော် / March 31, 2020


 

ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုသည့် လုပ်ငန်းများအား သက်ဆိုင်ရာ ဌာန များက အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များ၊ ဆေးရုံများ၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ် ကြည့် ရှုခြင်း လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ လူမှုရေး အဖွဲ့အစည်းများနှင့်  ပူးပေါင်း၍ နေ့စဉ်အချိန်ပြည့် အထူး ဂရုစိုက်၍ ပိုမိုအလေးထား လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အဆိုပါရောဂါပိုး ရှိသူနှစ်ဦးကို မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိပြီး မတ်လ ၃၀ ရက်နေ့ အထိ တစ်ပတ်ကြာ ကာလတွင် ပြည်ပမှ ပြန်လည်ဝင်ရောက် လာသူများ အပါအဝင် စုစုပေါင်း ၁၄ ဦးတွင် ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် ပြည်ပမှရောက်ရှိခဲ့ကြသူ များအနက် နယ်စပ်မှ တစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိလာသူတစ်ဦးတွင် ပထမဆုံးစတင်တွေ့ရှိခဲ့ရာ ရောဂါနှင့် ပတ်သက် ၍ ပိုမိုအလေးထား ဂရုစိုက်ရတော့မည်ဖြစ်ကြောင်း အချက်ပေးခေါင်းလောင်းထိုးလိုက်ခြင်း ပင် ဖြစ်သည်။

ပြည်တွင်း၌ ရောဂါထပ်ဆင့်ကူးစက်မှု အနေဖြင့် မတ်လ ၂၉ ရက်နေ့ တွင် တွေ့ရှိသည့် လူနာအမှတ် (၁၀)သည် မတ်လ၂၇ ရက်နေ့တွင်တွေ့ရှိသည့် လူန၁အမှတ် (၅) မှတစ်ဆင့် ပြည်တွင်း၌ ပထမဆုံး ကူးစက် ခံရသည့် လူနာ ဖြစ်သည်။ လူနာအမှတ် (၉) သည် မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှ တစ်ဆင့် ရောက်ရှိလာကြသူများအနက်မှတစ်ဦးဖြစ်ရာ ထိုလူနာနှင့် ထိတွေ့ ဆက်ဆံခဲ့ကြ သူများကို လည်းကောင်း၊ ထိုလူနာနှင့် အလားတူရောက်ရှိလာ သူများကိုလည်းကောင်း စောင့်ကြပ်ကြည့်ရှု ရမည် ဖြစ်သည်။ မတ်လ ၂၈ ရက်နေ့က ပြည်ပသို့သွားရောက်ခြင်းမရှိဘဲ ပြည်တွင်း ၌ နိုင်ငံခြားသားများနှင့် အနီးကပ် နေထိုင်ခဲ့သည့် အတည်ပြုလူနာအမှတ် (၈) နှင့်ထိတွေ့ခဲ့သူများကို သက်ဆိုင်ရာက ရှာဖွေ ထောက်လှမ်း ခဲ့ရာ လူ (၄၇၀) ကျော်တွေ့ရှိခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် ပြည်ပမှလေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိလာ သူများအား ရောဂါပိုးရှိ၊ မရှိ ရှာဖွေ စိစစ်ရေး အခက်အခဲထက် ပြည်တွင်း၌ ရောဂါရှိနိုင်သူများနှင့် နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ သောင်းနှင့်ချီ ဝင်ရောက် လာသူများတွင် ရောဂါရှိ၊ မရှိ ရှာဖွေထောက်လှမ်းရေးမှာ အလွန် ခက်ခဲပြီး ရောဂါဘေးနှင့် ပတ်သက်၍ ကြီးမားသောစိန်ခေါ်မှုကြီးဖြစ်လာသည်။ ယခုအချိန်တွင် ရောဂါဖြစ်ပွားမှုကျယ်ပြန့်မလာစေရန် အထူး အလေးထားဆောင်ရွက်နေရာ ကျန်းမာရေးဌာနက သံသယလူနာ၊ စောင့်ကြည့်လူနာများကို ဂရုစိုက် နေရသည်။ ရောဂါပြန့်ပွားကူးစက်မှုကို ထိန်းချုပ်ရန် သတ်မှတ်အဆောက်အဦတွင်ထားရှိ၍ အသွားအလာ ကန့်သတ်ခြင်း၊ ဟိုတယ်တွင် အသွားအလာကန့်သတ်ခြင်း၊ ပြည်သူလူထု၏ ဝိုင်းဝန်း ပူးပေါင်း ကူညီ စောင့် ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ၊ အဆောက် အဦတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်းနှင့် ဆေးရုံ တွင် အသွားအလာ ကန့်သတ်ခြင်းတို့ကို စနစ်တကျတင်းကျပ်စွာ လုပ်ဆောင်လျက်ရှိသည်။

ဆိုခဲ့သည့်အတိုင်း ရှာဖွေထောက်လှမ်းထားသော အမှတ် (၈) လူနာနှင့် ထိတွေ့ခဲ့သူ ၄၇ဝ ကျော်နှင့် နယ်စပ် ဂိတ်မှတစ်ဆင့် ပြည်ပမှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာကြသောသူများနှင့် ပတ်သက်ဆက်နွှယ်ခဲ့သူများ အားလုံးကို စောင့်ကြည့်ရှာဖွေစစ်ဆေး ကြည့်ရှုနိုင်ရန်အလုပ်မှာ အလွန် ကြီးမားသောစိန်ခေါ်မှုကြီး ဖြစ်နေ သည်။ ထို့ကြောင့် ပြည်သူလူထုသာလျှင် အဓိကဖြစ်၍ ရောဂါမကူးစက်ရေးအတွက်ကျန်းမာရေးနှင့် အား ကစား ဝန်ကြီး ဌာနကထုတ်ပြန်ထားသော လိုက်နာရမည့်အချက်များကို အလေးထား လိုက်နာ တိတိကျကျ ဆောင်ရွက်ကြပါရန်နှင့် အသွားအလာကန့်သတ်ခြင်းခံရ သည့် ဦးရေ၊ ၎င်းတို့၏ကျန်းမာရေးအခြေအနေနှင့် ဆောင်ရွက်ရန်အချက်များ ကို နေ့စဉ်ဆိုင်ရာသို့ သတင်းပို့ကြရန်ဖြစ်သည်။

သို့ဖြစ်ရာ coVID-19 ရောဂါသည် ယနေ့အချိန်တွင် ကမ္ဘာ့နိုင်ငံများ အားလုံးနှင့် မြန်မာနိုင်ငံအတွက် အရေး ကြီး ဆုံးအချိန်ဖြစ်နေသဖြင့် ပြည်သူ များအနေဖြင့် တစ်မျိုးသားလုံး အရေးဖြစ်နေသည်ကို အထူး သိရှိ နားလည်ပြီး ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဌာနများနှင့် လက်တွဲပူးပေါင်းကာ မိမိတို့ ၏ရပ်ရွာဒေသ များအတွင်း သတ်မှတ်ချက်များကိုလိုက်နာရန်ပျက်ကွက်မှုများ၊ မသင်္ကာဖွယ်အခြေအနေများကို တွေ့ရှိရပါက စောစောပြော၊ စောစောသိ အားလုံးအကျိုးရှိသည် ဆိုသည့်အတိုင်း ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဖိဖိစီးစီး လုပ်ကိုင်ကြရမည် ဖြစ်ပါကြောင်း။ ။

HOT NEWS
January 4,