ဆောင်းရာသီကာလ အသက်ရှူလမ်းကြောင်းရောဂါများဆိုင်ရာ ကျန်းမာရေးအသိပေးနှိုးဆော်ချက်

ဆောင်းရာသီကာလ အသက်ရှူလမ်းကြောင်းရောဂါများဆိုင်ရာ ကျန်းမာရေးအသိပေးနှိုးဆော်ချက်


Ministry of Information/ ​နေပြည်တော် / January 20, 2020


ဆောင်းရာသီကာလအတွင်းတွင် အအေးမိခြင်း၊ တုပ်ကွေးရောဂါဖြစ်ပွားခြင်း၊ လေပြွန်ရောင် ရမ်းခြင်း၊ ဓာတ်မတည့်မှုကြောင့် နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်းနှင့် အဆုတ်ရောင်ရောဂါ စသည့်အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများ အဖြစ်များလေ့ရှိပါသည်။

ရောဂါလက္ခဏာများ

အဓိကဖြစ်ပွားတတ်သောရောဂါလက္ခဏာများမှာ -

  • ဖျားခြင်း (အပူချိန် ၃၈°C နှင့် အထက်ရှိခြင်း၊ ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊   အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ချမ်းတုန်ခြင်း၊ ကိုယ်လက်ကိုက်ခဲနာ ကျင်ခြင်းတို့ ဖြစ်ကြပါသည်။

ရောဂါကူးစက်ပုံ

  • ချောင်းဆိုးခြင်းနှင့်နှာချေခြင်းမှတစ်ဆင့် တုပ်ကွေးရောဂါ၊ ဗိုင်းရပ်စ်ပိုး (Influenza Virus) များ အပါအဝင် အခြားရောဂါပိုးများလေထဲသို့ ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် တိုက်ရိုက်ကူးစက် ပျံ့နှံ့စေခြင်းနှင့် အရာဝတ္ထုများ၌ ထိကပ်နေသောရောဂါပိုးများ အား လက်နှင့်ကိုင်တွယ် ထိတွေ့ရာမှတစ်ဆင့် ရောဂါကူးစက်နိုင်ပါသည်။

ရောဂါကာကွယ်ခြင်းနည်းလမ်းများနှင့်လိုက်နာဆောင်ရွက်ရန်အချက်များ

-        နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပဝါဖြင့် နှာခေါင်းနှင့် ပါးစပ်လုံခြုံအောင် ဖုံးအုပ်ခြင်း

-        လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊

-        တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ခြင်း၊

-        ကောင်းစွာအိပ်စက်အနားယူခြင်း၊

-        အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊

-        ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း။

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ တွေ့ရှိသည်ဟု ယူဆပါက  နီးစပ်ရာ ကျန်းမာရေးဝန်ထမ်း များထံ သတင်းပို့၍ ကုသမှုခံယူပါ၊ အထူးသဖြင့် ဘတ်စ်ကားစီးစဉ် အခြားသူများထံသို့ ရောဂါမကူးစက်စေရန် နှာခေါင်းနှင့်ပါးစပ် လုံခြုံအောင်ဖုံးအုပ်ထားသော မျက်နှာဖုံးအကာအကွယ်  ကို အသုံးပြုပါ။ အလုပ်မှ အနားယူပါ၊ လူစုလူဝေးရှိရာအရပ်သို့ သွားရောက် ခြင်းအား ရှောင်ကြဉ်ပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

HOT NEWS
January 4,