တိုင်းကျိုးပြည်ပြု လူငယ်အင်ဂျင်နီယာကောင်းများ မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်

တိုင်းကျိုးပြည်ပြု လူငယ်အင်ဂျင်နီယာကောင်းများ မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်


Ministry of Information/ Naypyitaw / March 15, 2024
image_latest


နေပြည်တော် မတ် ၁၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၁၂ ရက် နံနက်ပိုင်းက အိန္ဒိယသမ္မတနိုင်ငံမှနည်းပညာ အထောက်အပံ့ဖြင့် ဖွင့်လှစ်ခဲ့သည့် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Tech-nology - MIIT) သို့ ရောက်ရှိပြီး ဘာသာရပ်နှင့်သင်တန်းနှစ်တို့အလိုက် အေးချမ်းရွှင်လန်း၍ စိတ်ပါဝင်စားစွာ လေ့လာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ထို့နောက် ဒုတိယဝန်ကြီး သည် ကျောင်းသား ကျောင်းသူများ၏ အဖွဲ့လိုက် Power Point Presentation ဖြင့် ရှင်းလင်းတင်ပြမှုများ၊ IT ဉာဏ်စမ်းပဟေဠိ ဖြေဆိုနေကြမှုများ၊ လက်တွေ့ခန်းများတွင် သုတေသနလုပ်ငန်းများ စမ်းသပ်ဆောင်ရွက်နေကြမှုများကို ကြည့်ရှုအားပေးသည်။

သုတေသနရလဒ်များအသုံးချ

ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းကျိုးပြည်ပြု IT သုတေသနစီမံကိန်းများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ရပ်ဝန်းဖြစ်စေရေး၊ ပြည်သူ့ရေရှည်အကျိုးစီးပွားအတွက် IT ဆန်းသစ်တီထွင်မှုများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် သုတေသနရလဒ်များကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ထိရောက်ပီပြင်စွာ ဆောင်ရွက်ရန်၊ တိုးတက်ပြောင်းလဲမှု မြန်ဆန်လျက်ရှိသော AI အပါအဝင် နောက်ဆုံးပေါ် IT နည်းပညာအရွေ့တို့နှင့်အတူ လိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားကာ အခက်အခဲတင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပါမောက္ခချုပ်အား ဂုဏ်ပြုလက်ဆောင်နှင့် သုတေသနထူးချွန်သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။

အင်ဂျင်နီယာကောင်းများဖြစ်ရေး

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ် (မန္တလေး)သို့ ရောက်ရှိကာ တာဝန်ရှိသူများကို နိုင်ငံတော်ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် ကောင်းစွာအထောက်အကူ ပြု နိုင်မည့် အရည်အသွေးပြည့်မီပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်အင်ဂျင်နီယာများကို စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး အခက်အခဲတင်ပြမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းများတွင် သင်ကြား၊ သင်ယူနေကြသော ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများတွင်အဖွဲ့လိုက် သုတေသနပြုလေ့လာနေကြသော ကျောင်းသား ကျောင်းသူများကိုလည်းကောင်း ကြည့်ရှုအားပေးကာ နိုင်ငံ့အကျိုးပြု မျိုးဆက်သစ် အင်ဂျင်နီယာကောင်း များဖြစ်စေရေးနှင့် သုတေသနများဆောင်ရွက်ရာတွင် MSME စက်မှုလုပ်ငန်းများ၊ ဒေသထွက်တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ၊ EV နှင့် ပြန်ပြည့်မြဲစွမ်းအင်စနစ်များ ဖွံ့ဖြိုးတိုးတက်စေရေး တို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားရန်မှာကြားသည်။

ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ၊ ကျောင်း သား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး သုတေသနထူးချွန်သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင် များကို ကြည့်ရှုစစ်ဆေးပြီး လိူအပ်သည်များမှာကြား၍ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,