တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Ministry of Information/ Naypyitaw / July 01, 2022

နေပြည်တော် ဇွန် ၃၀
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ဇွန် ၂၉ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည် မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇူလိုင် ၆ ရက်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်