ထန်းတပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများနှင့် စာချုပ်ချုပ်ဆို
ထန်းတပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများနှင့် စာချုပ်ချုပ်ဆို
Ministry of Cooperatives and Rural Development/ Naypyitaw / February 26, 2024
ထန်းတပင် ဖေဖော်ဝါရီ ၂၃
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများ နှင့် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ စာချုပ်ချုပ်ဆိုပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးစောလှဝင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစောဝင်းကိုနှင့် အောင်နိုင်သစ္စာကုမ္ပဏီမှ ဦးဟန်ဝင်းထွဋ်တို့က အမှာစကားများ ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇော်က ဦးစီးဌာနအနေဖြင့် ဦးစီးဌာန အဆင့်ဆင့်၏ ညွှန်ကြားချက်နှင့်အညီ သျမဝါယမအသင်းသားတောင်သူများနှင့် ကုမ္ပဏီတို့ပူးပေါင်း ကာ နွေစပါးစီမံချက်အား အောင်မြင်အောင် အပြည့်အဝဆောင်ရွက်နိုင်ရေးကို ရှင်းလင်းပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသည့် သမဝါယမအသင်းသားတောင်သူများမှ မိမိတို့သိရှိလို သည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက (၄၅၇) ဧကစိုက်ပျိုးကြသည့် သမဝါယမအသင်းသားတောင်သူ (၄၆) ဦးတို့နှင့် စာချုပ်ချုပ်ဆိုခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်