ဒီဇင်ဘာလူထုအားကစားလ (ဒုတိယပတ်) လမ်းလျှောက်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ တက်ရောက်

ဒီဇင်ဘာလူထုအားကစားလ (ဒုတိယပတ်) လမ်းလျှောက်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ တက်ရောက်


Sagaing Region Government/ မုံရွာမြို့ / December 14, 2019


၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၏ ဒုတိယပတ်ဖြစ်သော (၁၄.၁၂.၂၀၁၉)ရက်နေ့ (စနေ့နေ့)တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး ဉပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ စုစုပေါင်းအင်အား (၃၇၀၀)ခန့်သည် နံနက်(၀၅၃၀) နာရီအချိန် ဗိုလ်ချုပ်ကြေးရုပ်မှ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်မှ တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီး တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်း၌ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအတွဲ(၁)၊ (၂)နှင့် Fitness Dance အကများကို ပြုလုပ်ကြခဲ့ပြီး လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ စုပေါင်းလမ်းလျှောက်သည့် ပြည်သူများသို့ ကောက်ညှင်းထုပ်များ ဝေငှပြီး ကံစမ်းမဲများ ဖွင့်ဖောက်ပေးခဲ့ကြောင်းနှင့် ပျော်ရွှင်စရာ အားကစားပွဲများ ကျင်းပပေးခဲ့ကြောင်း သတင်းရရှိပါသည်။

​​​​​​​

HOT NEWS
January 4,