ဒုတိယဝန်ကြီး ဦးမြင့်စိုး ပြင်ဦးလွင်မြို့နယ် ညောင်ပေါကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပြင်ဦးလွင်မြို့နယ် ညောင်ပေါကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / July 26, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ရုံးသို့ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ရှင်းလင်းတင်ပြ

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အကြောင်းအမျိုးမျိုးကြောင့် လာရောက်တွဲဖက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် မိသားစုများ၏ အခက်အခဲများကို ဝိုင်းဝန်းကူညီဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး ဦးစီးဌာနအလိုက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းတစ်ဦးချင်းနှင့် ဌာနအလိုက် အခက်အခဲများကို မေးမြန်းပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် ပေပင်ကျေးရွာအုပ်စု ညောင်ပေါကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သော ရွာတွင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း၊ ကုန်ထုတ်လမ်းနှစ်မိုင်ဖောက်လုပ်ပေးခြင်းလုပ်ငန်း၊ ရေထွက်ရေတားတမံပြုလုပ်ပေးခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကာ ကျေးရွာ၏ အဓိကလုပ်ငန်းဖြစ်သော ရာသီပန်းများ စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ညောင်ပေါကျေးရွာရေထွက်ရေတားတမံပြုလုပ်ပေးခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,