နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအား ပန်ကြားချက်

နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအား ပန်ကြားချက်


Ministry of Information/ ​နေပြည်တော် / March 31, 2020


၁။ မြန်မာနိုင်ငံ၌ (၂၉-၃-၂၀၂၀) ရက်နေ့အထိ COVID-19 ရောဂါပိုး‌တွေ့ရှိသူ (၁၀) ဦး ရှိလာပြီး၊ ၎င်းတို့အနက် အသက်(၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးသည် (၂၃-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်ကာ မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိနေထိုင်ခဲ့ပြီး (၂၉-၃-၂၀၂၀) ရက်နေ့ ဓါတ်ခွဲနမူနာအဖြေအရ COVID-19 ရောဂါပိုး ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

၂။ အဆိုပါအခြေအနေအရ နယ်စပ်ဂိတ်များမှ အစုလိုက်အပြုံလိုက် ပြန်လည် ဝင်ရောက်လာသူ အချင်းချင်းကြားတွင်လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံသို့လည်းကောင်း ရောဂါကူးစက်ပြန့် ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားရန် အလားအလာ အလွန်များပြားနေပါသည်။

၃။ သို့ဖြစ်ပါ၍ နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအားလုံးကို မိမိတို့၏ နေရပ်ဌာနေများသို့ တိုက်ရိုက်ပြန်ခွင့် ပြုတော့မည်မဟုတ်ဘဲ နိုင်ငံတော်အစိုးရမှ စီစဉ်ပေးထားသော သတ်မှတ် နေရာများတွင်သာ ထိန်းချုပ် ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ခြင်းကို (၁၄) ရက် မဖြစ်မနေ ခံယူကြရ မည်ဖြစ်ပါသည်။

၄။ နိုင်ငံတော်အစိုးရအနေဖြင့် နောက်ထပ်ဝင်ရောက်လာမည့်သူ များအတွက် ထိန်းချုပ် ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံ တိုးချဲ့ စီစဉ် ဆောင်ရွက် နေဆဲဖြစ်ပါသဖြင့် နယ်စပ် ဂိတ်များမှ ပြန်လည်ဝင်ရောက် လာမည့်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ် ရက် သတ္တ(၂) ပတ်ခန့် စောင့်ဆိုင်းပြီး (၁၅-၄-၂၀၂၀) ရက်နေ့ နောက်ပိုင်း မှသာ ပြန်လည် ဝင်ရောက်ကြပါရန် ပန်ကြား အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်

Ref; Ministry of Foreign Affairs Myanmar

HOT NEWS
January 4,