နိုင်ငံခြားသုံးငွေ လဲလှယ်နှုန်း မြင့်တက်လျက်ရှိပြီး ဈေးနှုန်းအမျိုးမျိုးဖြစ်ပေါ်နေမှုကိုဖြေရှင်းနိုင်ရန် နိုင်ငံတော်အစိုးရကထိရောက် စွာကူညီဖြည့်တင်း ဖြေရှင်းဆောင်ရွက်ပေးမည့် နည်းလမ်းများကို ဆွေးနွေး

နိုင်ငံခြားသုံးငွေ လဲလှယ်နှုန်း မြင့်တက်လျက်ရှိပြီး ဈေးနှုန်းအမျိုးမျိုးဖြစ်ပေါ်နေမှုကိုဖြေရှင်းနိုင်ရန် နိုင်ငံတော်အစိုးရကထိရောက် စွာကူညီဖြည့်တင်း ဖြေရှင်းဆောင်ရွက်ပေးမည့် နည်းလမ်းများကို ဆွေးနွေး


Ministry of Information/ Naypyitaw / September 30, 2021
image_latest


နေပြည်တော် စက်တင်ဘာ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဗဟို ကော်မတီအ စည်းအဝေးကို ယနေ့ ၁၂ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။


အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ အထူးဖိတ်ကြားထားသူများဖြစ်ကြသည့် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဉီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ပကုန်သွယ်မှုလုပ်ငန်းဆိုင်ရာအခြေအနေများ၊ ဈေးကွက်အတွင်း နိုင်ငံခြားသုံးငွေအဆင်ပြေစွာ စီးဆင်းလည်ပတ်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များသို့ နိုင်ငံခြားသုံးငွေ ရောင်းချပေးမှုအခြေအနေများ၊ ပြည်ပပို့ကုန်ရငွေများ အချိန်မီပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ထားရှိမှုကိစ္စများ၊ ပြည်ပပို့ကုန်ရငွေများ လက်ဝယ်ကိုင်ဆောင် နိုင်မှု အချိန်ကာလသတ်မှတ်ချက်များ၊ ပြည်ပပို့ကုန်မြှင့်တင်ရေး နည်းလမ်းများနှင့် နိုင်ငံခြားသုံးငွေ ငွေလဲလှယ်နှုန်းလက်ရှိအချိန် တွင်မြင့်တက်လျက်ရှိပြီး ဈေးနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေမှုအား ဖြေရှင်းနိုင်ရန်နှင့် ငွေကြေးတည်ငြိမ်မှုရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ထိရောက်စွာ ကူညီဖြည့်တင်းဖြေရှင်းဆောင်ရွက်ပေးမည့်နည်းလမ်းများအား ဆွေးနွေးခဲ့ကြကြောင်းသတင်းရ ရှိသည်။ 

သတင်းစဉ်