နိုင်ငံတစ်ဝှမ်းလုံးလွှမ်းခြုံသော အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျယ်လျက်ရှိသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ အဖွဲ့အား မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်အစိုးရအဖွဲ့မှ ဖူးမြော်ကြိုဆို

နိုင်ငံတစ်ဝှမ်းလုံးလွှမ်းခြုံသော အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျယ်လျက်ရှိသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ အဖွဲ့အား မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်အစိုးရအဖွဲ့မှ ဖူးမြော်ကြိုဆို


Ministry of Information/ kachin / April 01, 2020
image_latest


မြစ်ကြီးနား     ဧပြီ   ၁

မြန်မာတစ်နိုင်ငံ တစ်ဝှမ်းလုံးလွှမ်းခြုံ၍ ဝေဟင်မှ လေယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျယ်တော်မူကြသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများသည် မန္တလေးမှ တစ်ဆင့် ယနေ့ နေ့လယ်   ၁၂ နာရီ ၅၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိတော် မူကြသည်။

နာယကဆရာတော်များကြီးများအား မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းချုပ်တို့နှင့် တာဝန်ရှိသူများက ဖူးမြော်ကြည်ညို၍ ကြိုဆိုခဲ့ကြပြီး လေဆိပ် ဧည့်ခန်းမဆောင်၌ အချိုရည်များ ဆက်ကပ် လှူဒါန်းခဲ့ ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားလေဆိပ်မှတစ်ဆင့် ညောင်ဦးလေဆိပ်သို့ အန္တရာယ်ကင်းပရိတ်တရားတော်များဆက်လက် ရွတ်ဖတ်သဇ္ဇျယ်ပေးကြမည့်  နာယက ဆရာတော်ကြီး များနှင့် အဖွဲ့အား မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် လေယာဉ်ပေါ်သို့ လိုက်ပါပို့ဆောင် ပေးခဲ့ကြသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)

HOT NEWS
January 4,