နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်
Ministry of Information/ Naypyitaw / August 04, 2024
နေပြည်တော် ဩဂုတ် ၃
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ် ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်ငါးဆယ့်နှစ်သိန်းနှင့် ငွေကျပ်တစ်ဆယ့်ရှစ်သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာ့ နှစ်ဆယ်ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာနှင့် ငွေကျပ်သိန်းတစ်ရာတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာနှင့် ငွေကျပ် သိန်းနှစ်ရာနှစ်ဆယ့်ခြောက်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာနှင့် ငွေကျပ်သိန်းတစ်ရာလေးဆယ့်ခြောက်သိန်းကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာနှင့် ငွေကျပ်သိန်းနှစ်ရာတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက တိုင်းမှူးထံဂုဏ်ပြုပေးအပ်ရာတိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါစားသောက်ဖွယ်ရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်