နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာ နိုင်ငံ၏ ဒုတိယအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုအစီအစဉ်သို့ တက်ရောက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာ နိုင်ငံ၏ ဒုတိယအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုအစီအစဉ်သို့ တက်ရောက်


Ministry of Information/ သည်ဟိတ်ဂ် / December 12, 2019


သည်ဟိတ်ဂ် ဒီဇင်ဘာ ၁၂

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အနေဖြင့် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာ နိုင်ငံက တင်သွင်းသည့်ကိစ္စအပေါ် ဂမ်ဘီယာနိုင်ငံက ဒုတိယအကြိမ် နှုတ်ဖြင့်လျှောက်လဲခြင်း တတိယနေ့ ပထမပိုင်းအစီအစဉ်သို့ တက်ရောက်သည်။

တတိယနေ့ ပထမပိုင်းအစီအစဉ်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံ၏ ဒုတိယအကြိမ် နှုတ်ဖြင့် လျှောက်လဲမှု အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် နယ်သာလန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်နေကြ သည့် ပြည်တွင်း၊ ပြည်ပ ဥပဒေပညာရှင် များနှင့် ၎င်းတို့၏ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ယနေ့ ဒုတိယပိုင်းအစီအစဉ်ဖြစ်သည့် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ဒုတိယ အကြိမ် နှုတ်ဖြင့်လျှောက်ထားမှုအား ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဆောင်ရွက်သွား မည်ဖြစ်သည်။

ယနေ့တွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်မှုကိုထောက်ခံ အားပေးဝန်းရံ ကြသည့် မြန်မာနိုင်ငံမှလာရောက်ကြသော ပြည်သူများနှင့် နယ်သာလန် နိုင်ငံနှင့် အခြားပြည်ပ နိုင်ငံများမှ လာရောက်ကြသည့် မြန်မာနိုင်ငံသားများက အပြည် ပြည်ဆိုင်ရာတရားရုံး (ICJ)ရှေ့၌ လာရောက်ထောက်ခံအားပေးဝန်းရံကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,