နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid ရဲ့ပိတ်ပင်မှုတွေနဲ့ နေနေရတဲ့ကာလအတွင်းမှာ ကိုယ့်အိမ်ထဲမှာနေရင်း ကမ္ဘာသစ်တွေလည်း ကြည့်နိုင်ရင် မကောင်းဘူးလားဟု ရေးသားဖော်ပြ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid ရဲ့ပိတ်ပင်မှုတွေနဲ့ နေနေရတဲ့ကာလအတွင်းမှာ ကိုယ့်အိမ်ထဲမှာနေရင်း ကမ္ဘာသစ်တွေလည်း ကြည့်နိုင်ရင် မကောင်းဘူးလားဟု ရေးသားဖော်ပြ


Ministry of Information/ ​နေပြည်တော် / July 01, 2020


နေပြည်တော် ဇူလိုင် ၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid ရဲ့ပိတ်ပင်မှုတွေနဲ့ နေနေရတဲ့ကာလအတွင်းမှာ ကိုယ့်အိမ်ထဲမှာနေရင်း ကမ္ဘာသစ်တွေလည်း ကြည့်နိုင်ရင် မကောင်းဘူးလား ဟု ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာမှ ယနေ့တွင် ရေးသားဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အိမ်မှာနေရတဲ့အချိန်တွေကို ဘယ်လိုသုံးကြမယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းတူကြမှာ မဟုတ်ပါကြောင်း၊ မိမိအတွက်ကတော့ အချိန်လေးနည်းနည်းရမယ်ဆိုရင် စာဖတ်ပါကြောင်း၊ ပထမတော့ ‘အချိန်ပိုရင်’လို့ရေးမလို့ပါ၊ ဒါပေမဲ့ အလုပ်တစ်ခုမဟုတ် တစ်ခုကတော့ အမြဲရှိနေတော့ ပိုနေတဲ့ အချိန်ရယ်လို့ ရှိနိုင်ပါ့မလားလို့ တွေးမိပါကြောင်း၊ ဒါ့ကြောင့် စာဖတ်ဖို့အချိန်ဆိုတာ ရအောင် လုပ်ယူရပါကြောင်း။

ယခု ကန့်သတ်ချက်တွေကြောင့် အချိန်ရနေကြမယ်ဆိုရင် စာဖတ်ဖို့အားပေးပါရစေ။ ဖတ်တဲ့ စာတွေကတော့ တာဝန်အရ ဖတ်ရတာ တွေလည်း ပါမှာဖြစ်ပါကြောင်း၊ အလုပ်နဲ့ပတ်သက်တဲ့ စာတွေ၊ ကျောင်းစာတွေလိုမျိုးဖြစ်ပြီး ဖတ်သင့်တယ် ထင်တဲ့စာတွေ၊ ဖတ်ချင်တဲ့စာတွေလည်း ပါမှာပဲ ဖြစ်ပါကြောင်း။

ဖတ်တဲ့စာအမျိုးအစားနည်းတူ စိတ်ဝင်စားစရာကောင်းတာကတော့ စာဖတ် ဝါသနာပါခြင်းရဲ့ အခြေခံအကြောင်းပဲဖြစ်ပါကြောင်း၊ ဒီမှာလည်း တစ်ယောက်နဲ့တစ်ယောက် တူကြမှာ မဟုတ်ပါ ကြောင်း၊ မိမိအတွက်ကတော့ စာဖတ်တဲ့အခါမှာ ကမ္ဘာသစ်တွေကို ရောက်သွားသလိုပဲ ဖြစ်ပါ ကြောင်း၊ မသိထားတဲ့ကာလ၊ ဒေသတွေ၊ မစဉ်းစားဘူးတဲ့ အတွေးသစ်တွေ၊ ဒါတွေနဲ့ စိတ်ဟာ ကန့် သတ်ထားတဲ့ နံရံလေးဘက်ကို ထိုးဖေါက်ပြီး လွတ်လပ်တဲ့ ဝေဟင်ကြီးကို ပျံလွှားသွားနိုင် ပါ ကြောင်း၊ Covid ရဲ့ပိတ်ပင်မှုတွေနဲ့ နေနေရတဲ့ကာလအတွင်းမှာ ကိုယ့်အိမ်ထဲမှာနေရင်း ကမ္ဘာသစ် တွေလည်း ကြည့်နိုင်ရင် မကောင်းဘူးလား။

အခြား Covid ဖြေလျှော့မှုတွေနဲ့အတူ မိမိ Facebook အစီအစဉ်ကိုလည်း ဖြေလျှော့ပြီး တစ်ပတ်ကို(၃)ကြိမ်၊ covid နဲ့ပတ်သက်တဲ့ video conferencing မရှိတဲ့နေ့တွေမှာ တင်မည်ဖြစ်ပါ ကြောင်း၊ နေ့တိုင်းတော့ပြည်သူပြည်သားများ ကျန်းမာချမ်းသာစွာနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ဖို့ ဆုတောင်းမေတ္တာပို့သနေမှာပါဟု ရေးသားထားသည်။

HOT NEWS
January 4,