နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တစ်နိုင်ငံလုံး လွှမ်းခြုံသော အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္စျယ်ရန် ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာ

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တစ်နိုင်ငံလုံး လွှမ်းခြုံသော အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္စျယ်ရန် ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာ


Ministry of Information/ yangon / April 01, 2020


ရန်ကုန်  ဧပြီ  ၁

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တစ်နိုင်ငံလုံးခြုံသော အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်ရန်အတွက် ယနေ့နံနက် ၈ နာရီတွင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ဆရာတော် ဘုရားကြီးများအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များအား တစ်နိုင်ငံလုံး လွှမ်းခြုံသော အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္စျယ်တော်မူမည့် လေယာဉ်သို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလေယာဉ်သည် ရန်ကုန်လေဆိပ်မှ မန္တလေး လေဆိပ်သို့ နံနက် ၉ နာရီတွင် ထွက်ခွာသွားကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)

HOT NEWS
January 4,