နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၆၈၇၃ ကတ်၊ ဥပဒေအရ နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၁၄ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၃၉၉၉စု ပေးအပ်ပွဲအခမ်းအနား စစ်ကိုင်းမြို့တွင် ကျင်းပ

နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၆၈၇၃ ကတ်၊ ဥပဒေအရ နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၁၄ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၃၉၉၉စု ပေးအပ်ပွဲအခမ်းအနား စစ်ကိုင်းမြို့တွင် ကျင်းပ


Sagaing Region Government/ မုံရွာမြို့ / February 21, 2020


၂၁.၂.၂၀၂၀ ရက်နေ့ နံနက် ၁၃ဝ၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ အထက (၁) အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် သစ္စာစီမံချက်အရ မြို့နယ်များအတွင်းရှိ စာသင်ကျောင်း (၄၃) ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား/ ကျောင်းသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများနေ ပြည်သူများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၆၈၇၃) ကတ်၊ ဥပဒေအရ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၅၁၄) ကတ်နှင့် ကျေးရွာအုပ်စုများ၏ အိမ်ထောင်စု လူဦးရေစာရင်း (၃၉၉၉) စု ပေးအပ်ပွဲ အခမ်းအနား အား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ၊ တိုင်းဒေသကြီး လဝကဦးစီးမှူး ဦးယဉ်ထွေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းခရိုင် ထွေ/အုပ်ရုံး ဒုခရိုင်အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော်စိုး၊ စစ်ကိုင်းမြို့နယ် ထွေ/အုပ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် လဝကဉီးစီးမှူးများနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား အစီအစဉ်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဉီးမိုးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လဝကဦးစီးမှူး ဉီးယဉ်ထွေးက နိုင်ငံသားတစ်ဉီး လိုက်နာရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနား အစီအစဉ်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ကြပြီး အခြေခံပညာဉီးစီးဌာန၊ စစ်ကိုင်းမြို့ အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 

​​​​​​​

​​​​​​​

​​​​​​​

​​​​​​​

​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

HOT NEWS
January 4,