နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၆,၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိ

နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၆,၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / May 24, 2022
image_latest


နေပြည်တော် မေ ၂၄

နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၆,၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် ညနေ ၃ နာရီတွင် နောင်ချိုမြို့နယ်၊ ဒုဋ္ဌဝတီတံတားတွင် ရပ်စောက်မှ နောင်ချိုသို့ ယာဉ်မောင်း ဝဏ္ဏထွန်းမောင်းနှင်ပြီး ကျော်ကျော်မင်း လိုက်ပါလာသည့် HYUNDAI အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၆,၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ မေ ၂၂ ရက် ညနေ ၆ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်စစ်ဆေးရေးဂိတ်အနီး၊ အိုရီယမ်တယ်တိုးဂိတ်တွင် ဘိန်းဖြူများတာဝန်ခံသယ်ဆောင်သူ သန့်ဇင်အောင်(ခ)သန့်ဇင်အား Mark X မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,