ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊ ကန်ကြီးပိုင်လမ်းတွင် မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊ ကန်ကြီးပိုင်လမ်းတွင် မီးလောင်မှုဖြစ်ပွား


Ministry of Home Affairs/ နေပြည်တော် / March 21, 2022


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊ ကန်ကြီးပိုင်လမ်းတွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၊ ၀၅၄၅ အချိန်ခန့်က ပိုင်ရှင် ဦးရဲရင့်ကျော်၏ (၈×၃၀) ပေ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ဈေးဆိုင်ခန်းတွင် လျှပ်စစ်မိန်းခုံ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည်  မီးသတ်ယာဉ် (၁၀) စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၀၆၂၀ အချိန် မီးငြိမ်းသွားခဲ့ပါသည်။ 

အဆိုပါမီးလောင်မှုကြောင့် ဈေးဆိုင်ခန်း (၁) ခန်း၊ နေအိမ် (၄) လုံး၊ ဘေးတွဲဆိုင်ကယ် (၁) စီး၊ Feiling အမျိုးအစား ဆိုင်ကယ် (၂) စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးရဲရင့်ကျော်အား ပဲခူးမြို့နယ်၊ အမှတ် (၂) နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,