ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / July 26, 2024


နေပြည်တော် ဇူလိုင် ၂၄

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ပိုမိုသိရှိပြီး လာရောက်လည်ပတ်နိုင်ရန်အတွက် နှစ်နိုင်ငံ အစိုးရ-ပုဂ္ဂလိက ခရီးသွားမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ တိုက်ရိုက် လေကြောင်းလိုင်းပြေးဆွဲနေမှု၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေး အစီအစဉ်များကိုရေးဆွဲပြီး အိန္ဒိယနိုင်ငံမှခရီးသွားဧည့်သည်များအပြင် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များကိုပါ ဖိတ်ခေါ်သွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများရိုက်ကူး၍ Social Media များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက် နိုင်ရေး၊ အိန္ဒိယနိုင်ငံ ခရီးသွားလုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များကို မြန်မာနိုင်ငံသို့ဖိတ်ခေါ်ပြီး ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်(FAM-Trip)များ ဖိတ်ခေါ်ဆောင် ရွက်မည့်အစီအစဉ်များ၊ ခရီးသွားဧည့်သည်များ၏ ငွေကြေးလဲလှယ်သုံးစွဲမှု အဆင်ပြေစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Source From: Kyemon

HOT NEWS
January 4,