ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြိုင်ပွဲဝင်အသုံးအဆောင်ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးပြီးစီးမှုနှင့် မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ပြန်လည်ပြုပြင်ပြီးစီးမှု လိုက်လံကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြိုင်ပွဲဝင်အသုံးအဆောင်ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးပြီးစီးမှုနှင့် မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ပြန်လည်ပြုပြင်ပြီးစီးမှု လိုက်လံကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / November 14, 2025
နေပြည်တော် နိုဝင်ဘာ ၁၃
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့၏ ပြိုင်ပွဲဝင်အသုံးအဆောင် ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးပြီးစီးမှု အခြေအနေနှင့် မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ချွန်ဘူရီနှင့် ဆုန်ခလာမြို့များတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့၏ ပင်မကွပ်ကဲ အုပ်ချုပ်မှုအဖွဲ့၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအတွက် ပြိုင်ပွဲဝင် အသုံးအဆောင်ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြန်မာ့အားကစား အောင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ အသုံးအဆောင်ပစ္စည်း များအား အသုံးပြုရာတွင် သက်သောင့်သက်သာ ဖြစ်စေရေး၊ အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများ ထောက်ပံ့ပေးနိုင်စေရေးတို့အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားရုံ ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးအန္တရာယ် ခံနိုင်စေရေးတို့အတွက် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားသည့် အုတ်ပေါင်နှင့် ပလက်ဖောင်းဆေးသုတ် ခြင်းလုပ်ငန်းများနှင့် အားကစားရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာလှပစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
