ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / June 09, 2026
နေပြည်တော် ဇွန် ၈
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံတို့အကြား ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအခြေအနေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
