ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် Road to Digital Government ဟောပြောဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် Road to Digital Government ဟောပြောဆွေးနွေးပွဲ တက်ရောက်


Ministry of Information/ ​နေပြည်တော် / December 06, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ Road to Digital Government ဟောပြော ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယနေ့ခေတ်တွင် နိုင်ငံတကာ၌ မြို့ပြဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို Internet of Things (IoT) များ၊ Digital အခြေခံ အဆောက်အအုံများ ပါဝင်သော Smart City အဖြစ် အသွင်ပြောင်းနေပြီဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေး ဖိုရမ်က စတင်မိတ်ဆက်ခဲ့သော စတုတ္ထမြောက် စက်မှုတော်လှန်ရေး (4th Industrial Revolution - 4IR) သည် နိုင်ငံအဖွဲ့အစည်းများ၏ ကဏ္ဍအလိုက် လုပ်ငန်းစဉ် များကို IoT များ၊ Big Data များနှင့် AI စနစ်များကို အသုံးပြုပြီး တိကျမှန်ကန်မြန်ဆန်သည့် စွမ်းဆောင်ရည်များကို အသွင်ပြောင်းရန်အတွက် စတင်ခြေလှမ်း လှမ်းခြင်းဖြစ်ကြောင်း၊ ယခု ဟောပြောပွဲတွင် ဝန်ကြီးဌာနများ၏ e – Government ဆိုင်ရာ ဌာနအလိုက် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဟောပြောသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဝန်ကြီးဌာန၏ ဦးစီးဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e - Government လုပ်ငန်းများဖြစ်သော GIS Database စနစ်များ၊ စီမံကိန်းလုပ်ငန်းများနှင့် ကန်ထရိုက်တာများအား စီမံခန့်ခွဲသည့် Application စနစ်များကို ပါဝင်ပြသထားသည့် အတွက် ဌာန၏ e - Government ဆိုင်ရာ စနစ်များနှင့် နည်းပညာများကို လေ့လာနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ e – Government ဌာနမှူး ဒေါ်နွယ်နီစိုးရင်က “e – Government & e - Commerce” ၊ Cyber Security ဌာနမှူး ဦးရဲနိုင်မိုးက “Cyber Security & Privacy” ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက “Myanmar Company Online Registeration System (MyCo)” ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးရန်နောင်က “Enterprise GIS & Implementation of MoC BI Model” ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဒေါ်မှုံရွှေရည်က “e-ID System” ၊ ပြည်ထောင်စုလွှတ်တော်မှ CIO ဦးအောင်သူမင်းက “e-Parliament System” ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ CIO ဦးကျော်ကျော် လွင်က “Transforming Trend: Digital Trend in Myanmar Tourism” ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြိုးဖြိုးခင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းထွေးတို့က “မြန်မာဥပဒေ သတင်းအချက်အလက်စနစ်(MLIS)” ခေါင်းစဉ်များ ဖြင့် ဟောပြောဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသော e – Government ပြခန်းများကို ကြည့်ရှုအားပေး သည်။

Road to Digital Government ဟောပြောဆွေးနွေးပွဲကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ ကြီးကြပ်ပြီး အခြား ဝန်ကြီးဌာနများမှ ပညာရှင်များကို ဖိတ်ခေါ်ပြီး ဝန်ကြီးဌာနများတွင် e-Government ဆိုင်ရာ ICT Infrastructure များ တည်ဆောက် ထားရှိမှု၊ ပြည်သူများထံသို့ e-Service ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်နေမှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာများကို ဝန်ထမ်းများ သိရှိနားလည်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ (သတင်းစဉ်)

 

HOT NEWS
January 4,