ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးတက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးတက်ရောက်


Ministry of Information/ ​နေပြည်တော် / December 13, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၃

 

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေး အတွက် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေး လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အခြေခံသည် လူသားစွမ်းရည် အရင်းအမြစ်ကောင်း များပေါ်တွင် မူတည်ကြောင်း၊ ထို့ကြောင့် ကလေးသူငယ်များဘဝတွင် အကောင်းဆုံးပြုစုပျိုးထောင် ကာကွယ် စောင့်ရှောက်ပေးရန် အရေးကြီး ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများ နှင့်ချိတ်ဆက်၍ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အခြေအနေ အမျိုးမျိုးကြောင့် အလုပ်လုပ်ရသော ကလေးသူငယ်များအတွက် ကလေးငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၏ အခန်း(၁၄) တွင် မည်သည့် ကလေးသူငယ်ကိုမဆို အဆိုးဝါးဆုံးပုံစံနှင့် အလုပ်ခိုင်းစေခြင်းမပြုလုပ်ရ၊ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် ကလေးသူငယ်၏ အသက်သည် (၁၄) နှစ်အောက် မငယ်စေရဟူ၍ ဥပဒေဖြင့် ကာကွယ်ပေးထားကြောင်း၊ ထို့အပြင် ကလေး သူငယ်များကို အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း တွင် လက်နက်ကိုင်ပဋိပက္ခများ၌ ကလေးစစ်သားအဖြစ် အသုံးပြုခြင်း လည်း ပါဝင်ကြောင်း၊ ထို့အတွက် အစိုးရ၊ တပ်မတော်နှင့် ကုလသမဂ္ဂ အဖွဲ့များ ပူးပေါင်း၍ ကလေးစစ်သားပပျောက်ရေး အတွက် စနစ်တကျ ကြိုးပမ်းပေးလျက်ရှိကြောင်း၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးလုပ်ငန်း နှင့်ပတ်သက်၍ အရေးကြီးသည့် ဆက်လက် ဆောင်ရွက်ရမည့်အပိုင်းသည် ပြန်လည် ထူထောင်ရေးဖြစ် ကြောင်း၊ အဆိုးဝါးဆုံးပုံစုံဖြင့် ခိုင်စေခြင်းခံရသော ကလေးသူငယ်များအား ပြန်လည်ထူထောင်ရေး ကဏ္ဍကို ထိရောက်စွာ ဆောင်ရွက်ခြင်း ဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ် ကောင်းများ ထွက်ပေါ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသော ကလေး အလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင်က လုပ်ငန်းကော်မတီမှ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသော ကလေး အလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်း အစီအစဉ် (၆) ရပ် ဆောင်ရွက်နေမှုများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အမျိုးသားကော်မတီ ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက် များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းကော်မတီဝင်းများက ဒေသအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြ၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များအတွက် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြသည်။

 

(သတင်းစဉ်)

HOT NEWS
January 4,