ပြည်ပနိုင်ငံများမှ ပြန်လာသူများ၏ အခန်းကဏ္ဍသည် ယခုအချိန်၌ အရေးကြီး နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၃၀) ရက်နေ့၊ (၂၁:၄၅) နာရီ

ပြည်ပနိုင်ငံများမှ ပြန်လာသူများ၏ အခန်းကဏ္ဍသည် ယခုအချိန်၌ အရေးကြီး နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၃၀) ရက်နေ့၊ (၂၁:၄၅) နာရီ


Ministry of Information/ ​နေပြည်တော် / May 30, 2020
image_latest


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ၏ ကူးစက် ပြန့်ပွားမှု ပုံသဏ္ဍာန်၊ ပျံ့နှံ့မှုအရှိန်အဟုန်၊ ရောဂါပြင်းထန်မှုအတိုင်းအတာ၊ ရောဂါကူးစက် ဖြစ်ပွားရာ နေရာဒေသ၊ ဖြစ်ပွားသည့် လူအုပ်စုအမျိုးအစား (ရောဂါလက္ခဏာရှိသူ စောင့်ကြည့် လူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ၊ ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများ)၊ နိုင်ငံတွင်းကူးစက်မှု/ပြည်ပမှ တစ်ဆင့်ကူးစက်မှု၊ ဖြစ်ပွား/သေဆုံးမှု ပမာဏ စသည့် ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေအရပ်ရပ်တို့ကို ပြည်သူ့ကျန်းမာရေးရှုထောင့်၊ ကပ်ရောဂါဗေဒရှုထောင့်နှင့် အခြားရှုထောင့်မျိုးစုံတို့မှ ဆန်းစစ်လေ့လာ သုံးသပ်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာများကို ပြောင်းလဲနေသော အခြေအနေများ (changing epidemiological conditions) နှင့် ကိုက်ညီစွာ မွမ်းမံပြောင်းလဲ ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၌ (၁၇-၅-၂၀၂၀) ရက်နေ့တွင် တွေ့ရှိရသည့် လူနာအမှတ် (Case – 183) နောက်ပိုင်းတွင် နိုင်ငံတွင်းရောဂါကူးစက်ပြန့်ပွားသူ မတွေ့ရှိရသည်မှာ (၁၃) ရက်ခန့် ကြာပြီဖြစ်ပါသည်။

သို့ရာတွင် ပြည်ပသို့အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသော မြန်မာနိုင်ငံသား များသည် နယ်စပ်ဂိတ်များမှတစ်ဆင့်လည်းကောင်း၊ ကယ်ဆယ်ရေးလေယာဉ်များဖြင့် လည်းကောင်း နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်မှုများမှာ လတ်တလောကာလတွင် များပြားလာနေပြီး (၁၇-၅-၂၀၂၀) ရက်နောက်ပိုင်းတွေ့ရှိရသော ဓာတ်ခွဲအတည်ပြု လူနာများမှာ အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၂၁) ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူ (၁၁) ဦး၊ ယူအေအီးနိုင်ငံမှ ပြန်လာသူ (၈) ဦးနှင့် အီတလီနိုင်ငံမှ ပြန်လာသူ (၁) ဦး ဖြစ်ပြီး စုစုပေါင်း (၄၁)ဦးတွေ့ရှိရပါသည်။ ပြည်ပမှပြန်ရောက်လာသူများတွင် ရောဂါပိုး ပါလာသည် တွေ့ရှိနေရပါသည်။

ပြည်ပမှဝင်ရောက်လာကြသူများအနေဖြင့် မိမိကိုယ်တိုင်သာမက၊ မိမိနှင့်အတူ ဝင်ရောက်လာသူများ၌ ရောဂါကူးစက်ခံနေရမှုရှိနေနိုင်ပြီး ရောဂါပိုးသယ်ဆောင်လာသူများ ဖြစ်နေနိုင်သည့်အတွက် "သတ်မှတ်နေရာ အဆောက်အဦများ၌ အသွားအလာကန့်သတ် ထားရှိခံရချိန်တွင် သတ်မှတ်ထားသော စည်းကမ်းများကို တိတိကျကျ လေးလေးနက်နက် ထားပြီး လိုက်နာရန်မှာ ယခုအချိန်ကာလ၌ အထူးအရေးကြီးနေပါသည်။"

ထို့အပြင် အသွားအလာကန့်သတ်ထားရှိရာနေရာများအား တာဝန်ယူကြီးကြပ် ဆောင်ရွက်သူများအနေဖြင့်လည်း ထိုသို့စည်းကမ်းလိုက်နာမှုရှိစေရေးအတွက် အထူး အလေးအနက်ထား ကြီးကြပ်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ Quanratine လုပ်သည့် နေရာများအား တာဝန်ယူကြီးကြပ်နေသူများ၊ လိုအပ်မှုမျိုးစုံကို ပံ့ပိုးပေးနေသည့် အလှူရှင်များနှင့် ပရဟိတအဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်၊။ ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများမှ ပြန်လာသူများထံမှ ဓာတ်ခွဲနမူနာများရယူကာ ဦးစားပေး၍ စစ်ဆေးပေးလျက်ရှိပါသည်။

ထို့ကြောင့် quarantine လုပ်ခံရသူများအနေဖြင့် လိုက်နာရမည့် လမ်းညွှန်ချက်များ ကို အလေးထား၍ တိကျစွာ လိုက်နာပါက မိမိတို့ မြန်မာနိုင်ငံတွင် ဤ COVID-19 ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများနှင့် လမ်းညွှန်ချက်များအား အလေးထား၍ တိကျစွာ ဆက်လက် လိုက်နာမှသာလျှင် မိမိတို့မြန်မာနိုင်ငံ၌ ဤ COVID-19 ကပ်ရောဂါကို အချိန်တိုအတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

#Ministry of Health and Sports, Myanmar

 

HOT NEWS
January 4,