ဘူးသီးတောင်-မောင်တောဒေသ၌ AA အကြမ်းဖက်သမားများ၏အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာနှင့်မောင်နုကျေးရွာဖြစ်စဉ်များအပေါ် အထူးစုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်မည်

ဘူးသီးတောင်-မောင်တောဒေသ၌ AA အကြမ်းဖက်သမားများ၏အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာနှင့်မောင်နုကျေးရွာဖြစ်စဉ်များအပေါ် အထူးစုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်မည်


Ministry of Information/ ​နေပြည်တော် / July 07, 2020


နေပြည်တော် ဇူလိုင် ၆

၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသ၌ AA အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာနှင့် မောင်နုကျေးရွာဖြစ်စဉ်များကို စုံစမ်း စစ်ဆေးရေး ခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဇွန် ၂၉ ရက်တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ကြောင်း။

၎င်း ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့် မောင်နုကျေးရွာဖြစ်စဉ်များနှင့်ပတ်သက်သည့် ဖြစ်စဉ်၊ ဖြစ်ရပ် အမှန်ပေါ်ပေါက် စေရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဗိုလ်မှူးကြီး သန်းလှိုင်နှင့် ဗိုလ်မှူးကြီးသန်းနိုင်တို့အဖွဲ့ဝင်အဖြစ် ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ဇူလိုင် ၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်းနှင့် လိုအပ်သည့်စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်းစဉ်

HOT NEWS
January 4,