မန္တလေးတိုင်းဒေသကြီးအတွင်း ဒုဌဝတီမြစ်ကို အခြေခံသည့် ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်မည်

မန္တလေးတိုင်းဒေသကြီးအတွင်း ဒုဌဝတီမြစ်ကို အခြေခံသည့် ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်မည်

Ministry of Information/ naypyitaw / June 11, 2021
image_latest


မန္တလေး ဇွန် ၁ဝ

မန္တလေး တိုင်းဒေသကြီး အတွင်း ဒုဋ္ဌဝတီမြစ်ကို အခြေခံ သည့် ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ကာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ် နှင့် ဆီးသွားလာရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

ယဉ်ကျေးမှုမြို့တော်ဖြစ်သည့် မန္တလေး တိုင်းဒေသကြီးတွင် ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များ ပေါများစွာ တည်ရှိသည့်အပြင် မတူထင်ရှား သည့် ခရီးသွားအရင်းအမြစ်များ မြောက်မြားစွာ ရှိကြောင်းကို ဖော်ထုတ် ပြသရန်အတွက် ယခု အစီအစဉ်ကို သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 “ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ခရီးသွားအရင်းအမြစ်တွေ အများကြီးရှိတဲ့အနက် တီထွင် ဖန်တီးမှု ခရီးစဉ်အနေနဲ့ ဒုဋ္ဌဝတီမြစ်ကို အခြေခံတဲ့ ခရီးစဉ် ဒေသ ဆောင်ရွက်တဲ့နေရာမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ တစ်ခုတည်းသာမက ခရီးသွား လုပ်ငန်းနဲ့ တိုက်ရိုက်သွယ်ဝိုက် ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်း တွေလည်း ဖွံ့ဖြိုး တိုးတက်ခြင်းနဲ့အတူ လက်ရှိနိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်း ကို ပြည်ပခရီးသွား ဝင်ရောက်မှုထက် ပြည်တွင်းခရီးသွားတွေ ပိုမိုဝင်ရောက်မှု မြင့်တင်ဖို့ ကိုလည်း ဆောင်ရွက်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဓိကအချက်ကတော့ အခုလို ခရီးစဉ်အသစ်တွေ ဖော်ထုတ်တာက ပြည်တွင်း ခရီးသွား ဝင်ရောက်မှုကို ဦးစား ပေးပြီး ဆောင်ရွက်တဲ့အတွက် သဘာဝအရင်းအမြစ်တွေနဲ့ ပေါင်းစပ်ပြီး မတူ ထူးခြားတဲ့ ၊ တီထွင်ဖန်တီးမှု အသွင်အပြင်တွေနဲ့ စိတ်ကူးပုံဖော်ပြီး ဆွဲဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်" ဟု ၎င်းက ဆိုသည်။

ထို့ပြင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး တွင်း၌သာမက တိုင်းဒေသ ကြီးနှင့် ဆက်စပ်နေသည့် ပြင်ဦးလွင်ဒေသတွင် Adventure Tour ခရီးစဉ်များ၊ ရှမ်းပြည်နယ်သေတွင် မီးရ ထားဖြင့် လှည့်လည်သွားက်လေ့လာသည့် ခရီးစဉ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ဧရာဝတီလင်းပိုင်ကို အခြေခံသည့် ခရီးစဉ်ဒေသများနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် စီစဉ် ဆောင်ရွက်လျက် ရှိသည့်အပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့်လည်း ခရီးစဉ် ဒေသများ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)

အထူးသတင်း