မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ ချမ်းအေးသာစံမြို့နယ်တွင် ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲ တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ ချမ်းအေးသာစံမြို့နယ်တွင် ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲ တက်ရောက်


Ministry of Information/ မန္တလေး / February 21, 2020
image_latest


မန္တလေး ဖေဖော်ဝါရီလ ၂၁

ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀)နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး (မန္တလေး)တွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီးနောက် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် သင်တန်းတွင် ပို့ချခဲ့သည့် ဘာသာရပ်များနှင့် လေ့လာရေးခရီးစဉ်များမှ ရရှိခဲ့သည့် ကုန်သွယ်မှု ဗဟုသုတအတွေ့ အကြုံများ၊ စာတမ်းပြုစုခြင်းများ၊ သင်တန်းပို့ချသင်ကြားမှုများကို အခြေခံ၍ လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရေးတို့ကို ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးဦးမြတ်သူက အဆိုပါသင်တန်းတွင် စာမေးပွဲအမှတ်အများဆုံးရရှိခဲ့သည့် အဖွဲ့အား ဆုများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စာတမ်းအကောင်းဆုံးပြုစုနိုင်သည့် အဖွဲ့အားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး သင် တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းသားများ၏ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီးနောက် သင်တန်းများမှ တာဝန်ရှိသူများကို အမှတ်တရဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၁၀)ကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှ  ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး သင်တန်းသူ၊ သင်တန်းသား ၆၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်

 

HOT NEWS
January 4,