မိုးကုတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

မိုးကုတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / January 19, 2022
ထွန်းလင်းထက်နှင့် ကျော်ရင်တို့အား သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ လယ်ကြီး ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းလုံမှ မိုးကုတ်ဘက်သို့ ထွန်းလင်းထက် မောင်းနှင်ပြီး ကျော်ရင် လိုက်ပါလာသည့် ခြောက်ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၄,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် များအရ ဘိန်းဖြူများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ နှစ်ဦးကို ဥပဒေအရအရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။ 

HOT NEWS
January 4,