မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ကပ်ရောဂါဘေးအန္တရာယ် ကင်းဝေးစေရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံတစ်ဝန်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ကပ်ရောဂါဘေးအန္တရာယ် ကင်းဝေးစေရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံတစ်ဝန်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်


Ministry of Information/ ​နေပြည်တော် / April 01, 2020
image_latest


ရန်ကုန် ဧပြီ ၁

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ကပ်ရောဂါဘေးအန္တရာယ် ကင်းဝေးစေရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်များ၊ ဒုတိယဥက္ကဋ္ဌ ဆရာတော်၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်များနှင့် အဖွဲ့ဝင်ဆရာတော်များသည် ယနေ့တွင် အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်း လှည့်လည်ပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္စျာယ်ကာ မေတ္တာပို့သပေးကြသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ လာရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ဆက်ကပ် လှူဒါန်းသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များသည် နံနက် ၉ နာရီတွင် မြန်မာအမျိုးသားလေကြောင်း အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာကြသည်။

ယင်းနောက် အထူးလေယာဉ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ပျံသန်းပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ရတနသုတ် ပရိတ်တော်၊ မေတ္တသုတ် ပရိတ်တော်၊ ဝဋ္ဋသုတ် ပရိတ်တော်၊ ဗောဇ္စျင်္ဂသုတ် ပရိတ်တော်၊ ပုဗ္ဗဏှသုတ် ပရိတ်တော်နှင့် ပဋ္ဌာနပစ္စ ယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသတို့ကို ရွတ်ဖတ်သရဇ္စျာယ်ကြကာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ကပ်ရောဂါဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မေတ္တာပို့သ ပေးကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် အထူးလေယာဉ်သည် မန္တလေးမြို့မှထွက်ခွာပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆက်လက်ပျံသန်းကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များသည် မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိကြရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများက ကြိုဆို ပင့်ဆောင်ကြသည်။

ဆက်လက်၍ အထူးလေယာဉ်သည် မြစ်ကြီးနားမြို့မှ ထွက်ခွာပြီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ပျံသန်း၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များသည် ပုဂံ-ညောင်ဦးလေဆိပ်သို့ရောက်ရှိကြရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုပင့်ဆောင်ကြပြီး လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အထူးလေယာဉ်သည် ညောင်ဦးမြို့မှ ရန်ကုန်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ပျံသန်းထွက်ခွာပြီး  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များက အန္တရာယ် ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္စျာယ်ကြကာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,