မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး‌ကော်မရှင်မှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘဲလင်း (၁)၊ (၂) ကုန်ထုတ်စခန်းများနှင့် မန္တလေးမြို့ပေါ်ရှိ လူငယ်သင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး‌ကော်မရှင်မှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘဲလင်း (၁)၊ (၂) ကုန်ထုတ်စခန်းများနှင့် မန္တလေးမြို့ပေါ်ရှိ လူငယ်သင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးခြင်း


Commissions & Committees/ mandalay / September 22, 2022


၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၃-၉-၂၀၂၂ ရက်နေ့မှ ၁၅-၉-၂၀၂၂ ရက်နေ့အထိ စဥ့်ကိုင်မြို့နယ်ရှိ ဘဲလင်း (၁)၊ ဘဲလင်း (၂) ကုန်ထုတ်စခန်းများနှင့် မန္တလေးမြို့ရှိ နားမကြားသော ကလေးများကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မသန်စွမ်းသက်ငယ်သင်တန်း ကျောင်း၊ မန္တလေးလူငယ်သင်တန်းကျောင်းနှင့် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းတို့ကို သွားရောက် ၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။ အကျဉ်းစခန်းများကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသားများကို အဆောင်လိုက် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံး ရရှိမည့်အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ သောက်ရေ/သုံးရေ သုံးစွဲမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ စသည်တို့ကို မေးမြန်း်တမ်းတင်ခြင်းနှင့းတင်ခြင်းနှင့်မှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးစဉ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

၃။ လူငယ်သင်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးစဉ် ကလေးသူငယ်များကို စာသင်ဆောင် လိုက် တွေ့ဆုံကာ ယင်းတို့၏ နေထိုင်စားသောက်မှု၊ သောက်ရေ/သုံးရေ သုံးစွဲမှု၊ ကျန်းမာရေး စောင့်ရှောက်အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိမရှိနှင့် ညှဉ်းပန်း နှိပ်စက်ခံရမှု ရှိ မရှိ စသည်တို့ကို မေးမြန်း်တမ်းတင်ခြင်းနှင့းတင်ခြင်းနှင့်မှတ်တမ်းတင်ခြင်းနှင့် ကလေးသူငယ်များအား ယင်းတို့၏ ပညာရေး၊ ကျန်းမာရေးများနှင့်စပ်လျဉ်း၍ အားငယ်မှုမရှိဘဲ ကြိုးစားနေထိုင် ရပ်တည်သွားကြရန် အားပေးစကား ပြောကြားခဲ့ပါသည်။

၄။ အကျဉ်းစခန်းများနှင့် လူငယ်သင်တန်းကျောင်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် လုပ်အားရှင် အကျဉ်းသားများနှင့် ကလေးသူငယ်များ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ သောက်ရေ/သုံးရေကန်များ၊ သန့်စင်ခန်းများသန့်ရှင်းမှု ရှိ မရှိကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၅။ အကျဉ်းစခန်းများရှိ လုပ်အားရှင်အကျဉ်းသားများနှင့် လူငယ်သင်တန်းကျောင်းများမှ ကလေး သူငယ်များအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများပါရှိသော မှတ်စု စာအုပ် ၄၅၀ အုပ်နှင့် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၄၅၀ အုပ် တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ တာဝန်ခံအရာရှိများက လက်ခံရယူခဲ့ပါသည်။

၆။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုချက်များကို လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

HOT NEWS
January 4,