မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / August 08, 2022
image_latest


နေပြည်တော် ဩဂုတ် ၇

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၆ ရက် မွန်းလွဲ ၃ နာရီတွင် ကလောမြို့နယ် အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်နေ မချော၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၃၀၇၅ ပြား ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု မိုင်းခွန်ကျေးရွာအနီး ကျိုင်းတုံ-မိုင်းခွန်သွား ကားလမ်းတွင် ကျဖမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် တောင်ကြီး မြို့နယ်ရွှေညောင်မြို့ ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာအထွက် ရွှေညောင်-ရပ်စောက်သွား ကားလမ်းတွင် စိုင်းနေမင်းပိုင် (ခ)စိုင်းနော်မှိုင်း မောင်းနှင်လာ သည့် နစ်ဆန်း မက် အမျိုး အစားမော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲတွင် ရွှေညောင်မြို့တောင်နီ ကျေးရွာအုပ်စု ဟဲကယ်ကျေးရွာ အနီး ရပ်စောက်-ရွှေညောင်သွား ကားလမ်းတွင် စိတ်ကြွရူးသွပ် ဆေးပြားများ လက်ခံမည့်သူ သန်းဇော်ဦး (ခ) မောင်ပုကို မော်တော်ဆိုင်ကယ် တစ်စီး၊ မြန်မာငွေကျပ် ၅၁၇၅၀၀ နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ဩဂုတ် ၆ ရက် ညနေ ၅ နာရီခွဲတွင် မိုင်းပန်မြို့နယ် ဝိုးလိုင်းကျေးရွာအုပ်စု တာဆန်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကွမ်တယ်မောင်းနှင်လာသည့် ခရောင် အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ် သိန်း ၁၈၉၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၇၅ ကီလိုကို လည်းကောင်း။

ဩဂုတ် ၄ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စု နမ့်အွမ် ကျေးရွာ နမ့်ပေါ်တံတားအနီး လားရှိုး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သန်းအောင် (ခ)အားရှိန် မောင်းနှင်လာသည့် တိုယိုတာအယ်ဖာ အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဆေးပြား ၅၀၀၊ ကက်တမင်း သုည ဒသမ ၀၄၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ သဖြင့်၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား

HOT NEWS
January 4,